Main menu

Background

အိန္ဒိယ ပရိဘောဂ ဈေးကွက်က မလေးရှားလုပ်ငန်းတို့အတွက် အခွင့်အလမ်းများပေး

Mon, 01/16/2012 - 07:55 -- Anonymous (not verified)

    မလေးရှားပရိဘောဂ လုပ်ငန်းရှင် တွေအတွက် အိန္ဒိယနိုင်ငံက ကုန် သွယ်မှု နဲ့ စီးပွားရေးလုပ်ငန်းအခွင့် အလမ်းတွေပေးတယ်လို့ ပြည်ပ ကုန် သွယ်မှု ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့ ( Matrade) က ပြော ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဈေးကွက် အရွယ်အစားနဲ့ အပြည်ပြည်ဆိုင်ရာ စံနှုန်းကို သဘောကျနှစ်သက်မှုက မလေးရှားပရိဘောဂ ထုတ်လုပ်သူ တွေအတွက် ဈေးကွက်ကိုရရှိအောင် လမ်းခင်းပေးလိမ့်မယ်လို့ ကုန်သွယ်ရေး အေဂျင်စီက ပြောပါတယ်။    "အိန္ဒိယမြို့ပြနေသူတွေက ဒီဇိုင်းနဲ့ အရည်အသွေးကို    အလေးထားတဲ့ အတွက်  ထိပ်တန်း ပရိဘောဂတွေ အတွက် ဈေးက ပြဿနာမဟုတ်ဘူး" လို့ ဆိုပါတယ်။    လူလတ်တန်းစား ကြီးထွားလာရုံ မျှမက  ဆောက်လုပ်ရေးလုပ်ငန်းတွေ စန်းပွင့်နေတာနဲ့ မြို့ကြီးတွေမှာရှိနေတဲ့ ရုံးခန်းတွေ ဖွင့်ဖို့ဝယ်လိုအားက မလေး ရှားပရိဘောဂလုပ်ငန်း ဆောင်ရွက်သူ တွေအတွက် ဈေးကွက်အလားအလာ ကောင်းကိုဖန်တီးပေးပါတယ်။  အိန္ဒိယ ပရိဘောဂဈေးကွက်က ဒေါ်လာ ၈ ဘီလီယံဖိုးရှိပြီး ကုန်သွယ်မှုလုပ်ငန်းကြီး တစ်ခုလုံးကို  တိုးတက်မှုနှုန်းက ၁၅ ရာခိုင်နှုန်းရှိပေမဲ့ သစ်နဲ့ တွဲဖက်သစ် ထည်ရောင်းချမှုက လုပ်ငန်းရဲ့ တိုးတက် မှု ၃၀ ရာခိုင်နှုန်း ရှိပါတယ်။    "အိန္ဒိယမှာ သစ်ထည်ထုတ်လုပ်မှု လုပ်ငန်းက သစ်ပရိဘောဂထည် (အဓိ က အားဖြင့်အိမ်သုံးပရိဘောဂ) တွေကို အဓိကထုတ်လုပ်ပြီး၊ တွဲဖက်စုစည်း ထားတဲ့ကဏ္ဍက သစ်၊ သတ္တုနဲ့ပလတ် စတစ် ပရိဘောဂတွေကို  ရုံးခန်းသုံး အတွက် အဓိကထား  ထုတ်လုပ်ပါ တယ်။ လောလောဆယ်  အိန္ဒိယမှာ ပရိဘောဂ    သွင်းကုန်လုပ်ငန်းရှင် ၁၀၅၀၀ ရှိပြီး အဓိကအားဖြင့် တရုတ်၊ အီတလီ၊ ဂျာမနီ၊ စင်ကာပူနဲ့ မလေးရှား တို့က တင်သွင်းပါတယ်"လို့ အေဂျင်စီ က ပြောပါတယ်။Source:bernama.com