Main menu

Background

ယူရိုမပြိုကွဲအောင် ECB က အများကြီး အကာအကွယ်ပေးရမည်

Mon, 01/16/2012 - 07:49 -- Anonymous (not verified)

    အီတလီကို အထောက်အပံ့ပေးဖို့အတွက်နဲ့ ယူရိုအကြီးအကျယ်ပြိုကွဲ သွားမှာကို ကာကွယ်ဖို့အတွက် ဥရောပဗဟိုဘဏ် (ECB  )  က ဒုက္ခရောက်နေ တဲ့ ယူရိုဇုန်ကဘွန်းစာချုပ်တွေကို တိုးမြှင့်ဖို့လိုတယ်လို့ Fitch  ရဲ့ နိုင်ငံတော် ကြွေးမြီသတ်မှတ်ရေးဌာန အကြီးအကဲရီလေးက ဇန်နဝါရီ ၁၂ ရက်က ပြော ပါတယ်။    ယူရိုပြိုကွဲသွားရင်ကမ္ဘာစီးပွားရေးကို ဘေးဒုက္ခရောက်စေလိမ့်မယ်။ အီတလီက သူ့ရဲ့ကြွေးမြီပြဿနာကို မဖြေရှင်းနိုင်ရင် ဒီလိုဖြစ်လာနိုင်တယ်လို့ ရီလေးကပြောပါတယ်။ သူရဲ့ဝေဖန်ချက်ကြောင့် ဒေါ်လာနဲ့ ဖလှယ်ရာမှာ ယူရိုရဲ့တန်ဖိုးက ၁၆ လအတွင်းအနိမ့်ဆုံးအဆင့်ကို ကျရောက်ခဲ့ပါတယ်။    မကြာသေးမီလများအတွင်း ယူရိုဇုန်ရဲ့ စီးပွားရေးအလားအလာက မှောင် အတိကျခဲ့ကြောင်း Fitch  အေဂျင်စီကသတိပေးခဲ့တယ်။ ဒါပေမဲ့ ပြင်သစ် နိုင်ငံကိုတော့ ယခုနှစ်အတွင်း A သုံးလုံးခန့်အဆင့်က လျှော့ချပေးဖို့လိုမှာ မဟုတ်ဘူးလို့ ခန့်မှန်းထားပါတယ်။    ဂရိနိုင်ငံက ယူရိုဇုန်ကိုအဓိကခြိမ်းခြောက်လျက်ရှိနေပါသေးတယ်။အကျပ် အတည်းကာလမတိုင်ခင်က ဘယ်ယူရိုဇုန်နိုင်ငံမှကြွေးမြီပေးဆပ်ဖို့ ပျက်ကွက်မှာ မဟုတ်ဘူးလို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ ယခုနှစ်ကဖြစ်ခဲ့တဲ့ ဂရိနိုင်ငံရဲ့သင်ခန်း စာက ဒီယူဆချက်ကို ပျက်ပြားစေခဲ့ပါတယ်။     ယူရိုဇုန်ပြိုကွဲမဲ့ အရိပ်အယောင်တွေပေါ်လာရင် ပြည်သူလုထု၊ စီးပွားရေး လုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက သူတို့ငွေတွေကိုကြောက်လန့်တကြားနဲ့ ဘဏ်တွေကပြန်ထုတ်လိမ့်မယ်လို့ ဖစ်ချ်ရဲ့ဥရောပဘဏ်များ အဆင့်သတ်မှတ် ရေးဌာနခွဲမှ ဂျိမ်းလောင်းစဒန်က ပြောပါတယ်။Source: reuters.com