Main menu

Background

ယန်းငွေ တန်ဖိုးခိုင်မာမှုကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပြည်ပရွှေ့

Mon, 01/16/2012 - 08:00 -- Anonymous (not verified)

    ယန်းငွေတန်ဖိုးက တစ်ဒေါ်လာကို ၇၅ ယန်း မှ ၈၀ ယန်းကြား အတက် အကျ ရှိနေတဲ့အတွက် အလူမီနီယံ  သန့်စင်ရေးလုပ်ငန်း နီဟွန်ရှင်ကန်း ကုမ္ပဏီတို့လို ကုမ္ပဏီအများအပြားက ထုတ်လုပ်ရေးလုပ်ငန်းအချို့ကို ပြည်ပ သို့ ရွှေ့ရုံမှအပ ဘာမျှမတတ်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။    နီဟွန်ရှင်ကန်းက အဓိကထုတ်လုပ်သောပစ္စည်းများမှ မိတ္တူကူးစက်များ အတွက် ဒရမ်များဖြစ်ပြီး ကုမ္ပဏီက ပင်လယ်ရပ်ခြားတွင် ဖွင့်လှစ်မည့် ပထမဆုံးစက်ရုံကို ထိုင်းနိုင်ငံ အယုဒ္ဓပြည်နယ်မှာ ယခုနွေဦးမှာဖွင့်လှစ်မှာ ဖြစ်ပါတယ်။    ယခုလိုအချိန်မျိုးမှာ အလယ်အလတ်တန်းစား စီးပွားရေးလုပ်ငန်းများပင် လျှင် ပြည်ပကိုမထွက်ခွာပါက ရှင်သန်ဖို့မလွယ်တဲ့ အခြေအနေဖြစ်ကြောင်း နီဟွန်ရှင်ကန်းစီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူးချုပ် တာကာရှီတာနာကာက ပြောပါတယ်။    နီဟွန်ရှင်ကန်းကုမ္ပဏီကဒရမ်တွေကို ဆိုင်တာစီရင်စု နီအီဇာမှာ ဌာနချုပ် ရုံးဖွင့်လှစ်ထားပါတယ်။ ပြီးတော့ ဖူကူရှီးမားစီရင်စု နိုရှီငိုမှာရှိတဲ့ ရှီရာကာဝါ ကလည်းထုတ်လုပ်ပါတယ်။ ကုမ္ပဏီစီမံချက်အရ ဂျပန်နိုင်ငံရှိ စက်ရုံများက တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကိုသာထုတ်လုပ်မှာဖြစ်ပါတယ်။    စက်ရုံအတွက်ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုက ယန်းသန်း ၅၀၀ (ဒေါ်လာ ၆ ဒသမ ၅ သန်း) ရှိတဲ့အတွက် နှစ်စဉ်အရောင်း ယန်း ၄ ဘီလီယံသာရှိတဲ့ ကုမ္ပဏီအတွက် အနည်းငယ်များတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။    နီဟွန်ရှင်ကန်းလိုပဲ  တိုကျိုမြို့တွင်းပိုင်းရှိ အလတ်စားနဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေက လက်ရှိဆိုးဝါးလှတဲ့ စီးပွားရေးရာသီဥတုအတွင်းမှာ ရှင်သန်နိုင်ဖို့အတွက် စန်းထထွန်းကားနေတဲ့ အရှေ့တောင်အာရှဈေးကွက်ထဲ ကို ဝင်လာကြပါတယ်။                Source: ajw.asahi.com