Main menu

Background

အရည်အသွေးမြင့် စားအုန်းဆီများ ပြည်ပက တင်သွင်းခွင့်ပြုခဲ့သလို တစ်ဖက်မှာလည်း မြေပဲနှင့် နှမ်းမျိုးစုံ တင်ပို့ခွင့်ပြုခဲ့တဲ့ မြန်မာ့စားသုံးဆီဈေးကွက် အလှည့်အပြောင်းမြင်ကွင်းများ

Mon, 01/16/2012 - 08:14 -- Anonymous (not verified)

လွတ်လွတ်လပ်လပ် တင်သွင်းခွင့် ပြုခဲ့လို့ စားသုံးသူများ ဈေးနှုန်းချိုသာ စွာ ဝယ်ယူလာနိုင်    ပြည်တွင်းဆီ ဖူလုံစေဖို့ နိုင်ငံ တော်က အရည်အသွေးမြင့်တဲ့ စား အုန်းဆီတွေကို ပို့ကုန် ဝင်ငွေရှိတဲ့ လုပ်ငန်းရှင်တိုင်းကို ၂၀၁၁ ခုနှစ်မေလ က စပြီး တင်သွင်းခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဆီဈေးကွက်ကို လေ့ လာကြည့်ရင် စားအုန်းဆီဈေးဟာ ဈေး ကွက်အသီးသီးမှာ တစ်ပိဿာ ကျပ် ၂၀၀၀ အောက်ကို ရောက်ရှိနေခဲ့တာ တွေ့ရပါတယ်။ လုပ်ငန်းရှင်တွေကို တင်သွင်းခွင့်မပြုမီအထိ စားအုန်းဆီ ဈေးဟာ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာ ၁ ပိဿာ ကျပ် ၂၃၀၀ ကနေ မတ်လမှာ ၂၉၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး လက်ရှိ ကာလမှာတော့ ရန်ကုန် လက်လီ ဈေး ကွက်တွေမှာ ၁၈၀၀ ကျပ်ဝန်းကျင် ရှိနေပြီး မန္တလေးဈေးကွက်မှာ ၁၈၂၀-၁၉၅၀ ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဒါဟာဆိုရင် လုပ်ငန်း ရှင်တွေကို လွတ်လွတ်လပ်လပ် တင် သွင်းခွင့်ပြုလိုက်တဲ့အတွက် စားသုံးသူ တွေ ဈေးသက်သက်သာသာနဲ့ စားသုံး လာရတဲ့ အကျိုးရလဒ်ဘဲ ဖြစ်ပါတယ်။နှမ်းမျိုးစုံ၊ မြေပဲဆန်နဲ့ နှမ်းဆီ၊ မြေပဲ ဆီ တင်ပို့ခွင့်ပြု    နိုင်ငံတော်အစိုးရအနေနဲ့ စားသုံး သူ အကျိုးကို ကြည့်ယုံသာမက လုပ် ငန်းရှင်တွေချင်းချင်း တန်းတူလုပ်ကိုင် နိုင်စေဖို့ စားအုန်းဆီတင်သွင်းခွင့် ပြု လိုက်သလို ပြည်တွင်း ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်သူတွေနဲ့ ဆီစက် လုပ်ငန်းရှင်တွေ မထိခိုက်စေရအောင် လည်း အရင်က ပြည်ပတင်ပို့ခွင့်မရှိတဲ့ နှမ်းဖြူ၊ နှမ်းညိုနဲ့ မြေပဲဆန်အပြင် နှမ်း ဆီနဲ့ မြေပဲဆီကိုလည်းတင်ပို့ခွင့်ပြုခဲ့ပြန် ပါတယ်။ ဒီလို အစိုးရက ဖြေလျှော့မှု တွေ လုပ်ပေးခဲ့ပြီးတဲ့နောက် ဆီထွက် သီးနှံ ပြည်ပတင်ပို့မှုကို ကြည့်ရင် ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ဒီဘဏ္ဍာနှစ် ဇန်နဝါရီလ ၁၀ ရက်အထိ တန်ချိန် ၉၅၆၀၀ ရှိခဲ့ပြီး မနှစ်က ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၆၈၄၀၀ ကျော်ထက် ပမာဏပိုမိုခဲ့ပေမဲ့လည်း မြေပဲဆန်တင်ပို့မှုမှာတော့ မရှိသေးတာ လေ့လာတွေ့ရှိရပါတယ်။ နယ်စပ်လမ်း ကြောင်းကို ကြည့်မယ်ဆိုရင်လည်း ----- တရားဝင်အနေနဲ့ မတွေ့ရသေးပါ ဘူး။ ဆီ တင်ပို့နိုင်ဖို့ကိုတော့ နိုင်ငံ တကာ စံချိန်စံညွှန်းမီဖို့အတွက် ဆီစက် လုပ်ငန်းရှင်ကြီးတချို့က ပြင်ဆင်မှုတွေ ရှိလာနေပြီဖြစ်ပေမဲ့ လက်ရှိအချိန်ထိ တော့ တရားဝင်စာရင်းတွေမှာ နှမ်းဆီ ရော မြေပဲဆီပါ တင်ပို့နိုင်ခြင်းမရှိသေး တဲ့ အနေအထား တွေ့ရပါတယ်။ စားအုန်းဆီဈေးလျော့ကျမှုကြောင့် မြေပဲဆီနဲ့ ကွာဟမှု ကြီးမားလာ    ၂၀၁၁ ခုနှစ်အစပိုင်း လုပ်ငန်းရှင် တွေ စားအုန်းဆီ တင်သွင်းမှု မရှိသေး မီမှာ စားအုန်းဆီတစ်ပိဿာ ကျပ် ၂၃၅၀-၂၄၅၀ ကျပ် ဈေးရှိချိန် ဇန်နဝါ ရီလမှာ ပဲဆီဈေးက ကျပ် ၃၀၀၀-၃၅၀၀၊နှမ်းဆီဈေးက၂၇၀၀-၂၈၀၀ ဝန်း ကျင်ရှိခဲ့ပါတယ်။ မတ်လမှာ စားအုန်းဆီ ဈေး ၂၇၀၀-၂၉၀၀ ကျပ် ဈေးထိရှိခဲ့ပြီး နှမ်းဆီဈေး ၃၁၀၀-၃၅၀၀ ကျပ် နဲ့ ပဲဆီ ဈေးက ၃၆၅၀-၃၇၀၀-၃၈၀၀ ဝန်းကျင် မှာ ရှိနေခဲ့ပါတယ်။ ဒီကာလတွေမှာ စားအုန်းဆီဈေးနဲ့ နှမ်းဆီဈေး ကွာဟ မှုဟာ တစ်ပိဿာ ကျပ် ၈၀၀-၁၀၀၀ ဝန်းကျင်ရှိခဲ့ပြီး လက်ရှိကာလတွေမှာ မန္တလေးဈေးကွက်မှာ စားအုန်းဆီ လက်လီဈေး ၁၉၅၀ ကျပ် ဝန်းကျင်ရှိ ချိန် ပဲဆီဈေးက ၃၁၀၀-၃၅၀၀ ကျပ် ရှိပြီး ရန်ကုန်၊အင်းစိန် လက်လီဈေး ကွက်မှာ စားအုန်းဆီဈေး ၁၈၀၀ ကျပ် ရှိချိန် ပဲဆီဈေးမှာ ၃၅၀၀-၃၇၀၀ ဝန်းကျင်ရှိနေတော့ ဈေးကွာခြားမှုက ၁၁၀၀-၁၅၀၀ ထိ ကွာဟလာခဲ့ပါ တယ်။ စားအုန်းဆီဈေးလျော့ကျခဲ့ပြီး ပဲဆီဈေး ပြောင်းလဲမှုနည်းတဲ့အတွက် လည်း ဈေးနှုန်းနှစ်ခုအကြား ကွာဟမှု များလာခဲ့ပါတယ်။ဈေးနှုန်းကွာဟမှုကြောင့် ရောဆီဈေး ကွက် ဖြစ်လာ    ဒီလိုဈေးနှုန်း ကွာဟမှုတွေ များ လာတဲ့အပြင် အရည်အသွေးပိုကောင်း တဲ့ ဆီတင်သွင်းလာတာကြောင့် ဆီ ဈေးကွက်မှာ စားအုန်းဆီက အရောင်း အတွင်ဆုံးဖြစ်လာတာနဲ့အမျှ ပဲဆီ ဝယ်ယူမှုပါးလာတယ်လို့ လည်း သိရပါ တယ်။ ဒါကြောင့်လည်း တချို့ဆီစက် လုပ်ငန်းရှင်များက ပဲဆီနဲ့ စား အုန်းဆီ ရောပြီး ကြားဈေးနှုန်းတစ်ခုနဲ့ ရော ဆီဈေးကွက်တစ်ခုကို ဖော်ဆောင် လာပါတယ်။ တချို့ဆီလုပ်ငန်းရှင်တွေ ကတော့ ပဲဆီစစ်စစ်ကိုမှ စားသုံးလိုသူ တွေအတွက် ပဲဆီသန့်သန့်ကိုသာ ရောင်းရင်း မိမိတို့အမှတ်တံဆိပ်ကို ထိန်းထားကြတာလည်း တွေ့ရပါတယ်။ ဒီလို ဆီဈေးကွက် အလှည့်အပြောင်း မှာ စားသုံးသူတွေအတွက် ဈေးနှုန်း ချိုချို သာသာနဲ့ ဝယ်ယူစားသုံးနေရ ပေမဲ့ ဆီစက်လုပ်ငန်းရှင်တချို့ကတော့ ဆီစက်တွေ ပိတ်ရတယ်ဆိုတဲ့အသံတွေ လည်း ကြားလာရတာနဲ့ ပတ်သက်လို့ ကောမတ်စ်က ဆီကုန်သည်များ၊ ဆီ လုပ်ငန်းရှင်များနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါ တယ်။ စားသုံးဖို့မသင့်တဲ့ စားဆီများ တရားမဝင် တင်သွင်းမှု မရှိစေဖို့ တားဆီးစေလို     မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ ဆီကုန်သည်နှင့် ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဌ ဦးကိုကြီးက ဆွေးနွေးရာမှာ "လုပ်ငန်းရှင်တွေကို စားအုန်းဆီတင်သွင်းခွင့်ပြုပြီးတဲ့ နောက်ပိုင်း တင်သွင်းမှုဟာ ယေဘုယျ တွက်ရင် တစ်လ တန် ၃ သောင်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒါက တရားဝင်သွင်းတာပါ။ တရားမဝင်တင်သွင်းမှုတွေအနေနဲ့ ထိုင်းနယ်စပ်နဲ့ တရုတ်နယ်စပ်ဘက်က ဝင်နေတာကလည်း တစ်လကို ပမာဏမှန်းဆဖို့ ခက်ပေမဲ့ ရောင်းအားကောင်းတဲ့ ကာလတွေဆိုရင် ဝင်ရောက်မှုတော်တော်လေး များတယ်လို့ ခန့်မှန်းရပါတယ်။ တရားဝင်ပင်လယ်ရေကြောင်းနဲ့ ဝင်လာတဲ့ ဆီတွေကို FDA ကစိစစ်ပြီး ဖြန့်တာဆိုတော့ စားသုံးသင့်တဲ့ဆီဆိုတာ မှန်ကန်ပေမဲ့ မှောင်ခိုဝင်လာတဲ့ ဆီတွေကိုတော့ စစ်ဆေးလို့ မရတော့ စားသုံးသင့်၊ မသင့်ဆိုတာ မသိရပါဘူး၊ တရုတ်နိုင်ငံမှာ ကင်ဆာရောဂါဖြစ်နိုင်တဲ့ စားဆီအတု တွေ ဖမ်းဆီးနေတယ်လို့ သတင်းတွေ ဖတ်ရပါတယ်။ တရုတ်နိုင်ငံအတွင်းမှာ ရောင်းလို့မရတဲ့ ဆီတွေ နယ်စပ်ကနေ ကျွန်တော်တို့ နိုင်ငံထဲကို မဝင်လာဘူးလို့ မပြောနိုင်ပါဘူး။ ဒါကြောင့် နယ်စပ်က ဝင်လာတဲ့ ဆီတွေကို မှောင်ခိုတားဆီးပြီး FDA  က စစ်ဆေးပြီးမှ တရားဝင်သွင်းခွင့်ပြုမယ်ဆိုရင် ပထမအချက်အနေနဲ့ ပြည်သူတွေ စိတ်ချလက်ချစားနိုင်မယ်၊ ဒုတိယအချက်က တိကျတဲ့ တင်သွင်းမှုကိန်းဂဏန်းတွေရရှိမယ်၊ နောက် တစ်ချက်ကတော့ မှောင်ခိုလမ်းက ဝင်ရာကနေ တရားဝင်သွင်းလာရင် နိုင်ငံတော်အတွက်လည်း ဝင်ငွေရလာမှာ ဖြစ်ပါတယ်။ရောင်းအားများနေလို့ တင်သွင်းပမာဏကို လျှော့ချသင့်တယ်လို့ဆို    ဦးကိုကြီးက ဆက်လက်ပြီး "နောက်တစ်ခုကတော့ ပြည်ပကနေ ဝင်လာတဲ့ ဆီသင်္ဘောတွေ ဆီကန် ထဲထည့်ဖို့ ပင်လယ်ဝမှာ ၁၅ ရက် တစ်လစောင့်ဆိုင်းနေရတာတွေဟာ ပြည်တွင်းမှာ Supply   များနေ တယ်ဆိုတာကို ပြနေတာပါ။ ရောင်းအားနဲ့ ဝယ်လိုအားမမျှတတော့ ဆီကန်ထဲက မထုတ်ကြ တော့တဲ့ အတွက် အဲဒီလိုစောင့်ဆိုင်းတဲ့ သင်္ဘောတွေ များနေတာပါ။ ဒီလိုစောင့်ဆိုင်းရတဲ့အတွက် တန် ၃၀၀၀ တင်တဲ့ သင်္ဘောတစ်စီးဟာ ကြန့်ကြာကြေးတစ်ရက်ကို ဒေါ်လာ ၃၀၀၀ နှုန်းပေးနေရတယ်။ စောင့်ရတဲ့ ရက်ကြာလာတာနဲ့အမျှ ကုန်ကျစရိတ်တွေပိုပြီး အလဟဿ ဆုံးရှုံးနေရပါတယ်။ ပြည်တွင်းမှာ စားအုန်းဆီ ရောင်းချမှု များနေလို့ ပြည်တွင်းဆီထွက်သီးနှံဈေးက  ဖြစ်သင့်တဲ့ဈေးအောက်ကို ရောက်နေတဲ့ အတွက်လည်း တောင်သူတွေ တွက်ခြေမကိုက်သလို ဆီစက်လုပ်ငန်းရှင်တွေလည်း ပဲဆီ၊ နှမ်းဆီရောင်း အား ကျလို့ ဆီစက်တွေ အလုပ်မဖြစ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ Supply များနေတဲ့ စားအုန်းဆီတင်သွင်းတာကို မှောင်ခိုက တားဆီးပေးပြီး ပင်လယ်ရေကြောင်းက တင်သွင်းတဲ့ ပမာဏကို လည်း ထက်ဝက်လောက်လျှော့ချသင့်တယ်လို့ ယူဆပါတယ်။ လက်ရှိ တန် ၃ သောင်းတင်သွင်းတယ် ဆိုရင် တန် ၁၅၀၀၀ လောက်သာ တင်သွင်းသင့်ပါတယ်"လို့ ထပ်မံ အကြံပြုပါတယ်။တောင်သူတွေ စိုက်ပျိုးမှုလျော့ပြီး စက်တွေ လည်ပတ်မှုရပ်ရပါက တိရစ္ဆာန်အစာများ ရှားပါးလာနိုင်    "၃-၄ လလောက်ရင်းပြီး စိုက်ရတဲ့ ဆီထွက်သီးနှံဈေးက ဖြစ်သင့်တဲ့ဈေးမရဘူးဆိုရင် တောင်သူတွေ ငွေပိုရတဲ့ သီးနှံတွေကို ပြောင်းလဲစိုက်ပျိုးလာကြမှာဖြစ်ပါတယ်။ မြေပဲစိုက်တဲ့ မတ္တရာမြို့နယ်မှာဆိုရင် လွန်ခဲ့တဲ့ ၁၀-၁၅ နှစ်လောက်က ဧက ၁၀၀ လောက်စိုက်တဲ့ တောင်သူတွေက အခုဆိုရင် ၁၀ ဧက လောက်ပဲ စိုက်ပျိုးလာကြတာတွေ့ရတယ်။ ကိုယ့်ယာမြေတွေကို တရုတ်ဖရဲစိုက်ကုမ္ပဏီတွေကို တစ်ဧက တစ်သိန်း-တစ်သိန်းခွဲခန့်နဲ့ ငှားပြီး ဖရဲခင်းကြားမှာ ကြားညှပ်သီးနှံအနေနဲ့ စိုက်ပျိုးလာတာ တွေ့လာ ရပါတယ်။     ဆီစက်သမားတွေကလည်း ၁ လလောက် ကြိတ်ပြီးရင် ရောင်းအားမကောင်းတော့ ၃ လလောက် နားနေရတော့ ပျမ်းမျှတွက်ရင် ဆီစက် ၅၀-၆၀ ရာခိုင်နှုန်းလောက် စက်လည်ပတ်မှုတွေရပ်နေရပါတယ်။ ဒီလိုသာ ဆက်ပြီး နောက် ၄-၅ နှစ်လောက် သွားမယ်ဆိုရင် နှမ်းဖတ်၊ ပဲဖတ်လို ကြိတ်ဖတ်တွေ ရှား သွားနိုင်ပြီး တိရစ္ဆာအစာအတွက် ပြည်ပကတောင် တင်သွင်းရမယ့် အခြေအနေဖြစ်လာနိုင်ပါတယ်။ ပဲတို့ ဆန်တို့ တင်ပို့ရတဲ့ ဝင်ငွေတွေ အဓိကအရေးပါတဲ့ နေရာတွေမှာ မသုံးရဘဲ ဆီပိုလျှံသွင်းတာတွေ၊ ကြိတ်ဖတ်သွင်းရတာတွေမှာ ပြန်သုံးရတာမျိုးဖြစ်လာနိုင်ပါတယ်။ စားသုံးသူအများစုကလည်း ကျန်းမာရေးအသိနည်းတာတစ်ကြောင်း၊ ဝမ်းစာမပြည့်စုံတာတစ်ကြောင်းကြောင့် ဈေးသက်သာတဲ့ ဆီတွေစားသုံးပြီး ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ် " လို့ သုံးသပ်ဆွေးနွေးပါတယ်။အရည်အသွေးကောင်းပြီး အမြင်ကြည်လင်မှုရှိလို့ စားအုန်းဆီကို ပိုသုံးစွဲလာ    ရန်ကုန်မြို့မှ ဆီစက်လုပ်ငန်းရှင်တစ်ဦးက "လက်ရှိဈေးကွက်မှာ ပဲဆီတွေ အရောင်းအဝယ်ပါးတာ မှန်ပါတယ်။ စားအုန်းဆီဈေး တစ်ပိဿာ ကျပ် ၁၆၈၀ -၁၈၀၀ ဝန်းကျင်ရှိပြီး ပဲဆီသန့်က ၃၇၀၀ ကျပ် ဝန်းကျင်ရှိနေတော့ ဈေးကွာခြားမှုများတယ်လေ၊ နောက်တင်သွင်းတဲ့ စားအုန်းဆီက အရည်အသွေး ပိုမြင့်ပြီး အမြင်ကြည်လင်မှုရှိတော့ စားသုံးသူတွေ ပိုကြိုက်တယ်။ ကျန်းမာရေးရှုထောင့်အနေနဲ့ရော အစဉ်အဆက်က ပဲဆီဘဲ စားသုံးတဲ့သူ တစ်ချို့သာ ပဲဆီကို ဆက်လက်သုံးစွဲနေတာကလွဲပြီး လုပ်ငန်းသုံးနဲ့ အခြေခံလူတန်းစားတွေက စားအုန်းဆီကို ပိုသုံးလာလို့ ပဲဆီဈေးကွက် ပါးလာတာဖြစ်ပါတယ်။ပဲဆီနဲ့ စားအုန်းဆီ ဈေးကွာခြားမှုမများရင်တော့ ပဲဆီဈေးကွက် ပြန်ကောင်းလာနိုင်    လတ်တလောမှာတော့ ဈေးနှုန်းမယှဉ်သာတော့ ဆီစက်တွေ ပုံမှန်မလည်ပတ်နိုင်ပါဘူး။ အချို့စက် တွေ ခေတ္တရပ်ထားကြပြီး အချို့စက်ကလည်း စောင့်ကြည့်နေတဲ့ အနေအထားရှိနေပါတယ်။ ပဲဆီတင်ပို့ဖို့ နိုင်ငံတော်က ခွင့်ပြုထားတာမှန်ပေမဲ့ လတ်တလောမှာ တင်ပို့နိုင်သေးခြင်း မရှိကြသေးပါဘူး။ မြေပဲလုံးဆန် ဈေးကွက်အနေနဲ့ ထိပ်စမြေပဲဆန်တွေကို ပြည်ပတင်ပို့တဲ့ ဈေးကွက်ရှိနေတယ်လို့ ကြားရပါတယ်။ အဲဒီလို အကောင်းစတွေ ထွက်ပြီး ကျန်တဲ့အစတွေ ဆီကြိတ်မယ်ဆိုရင် ဆီထွက်လျော့မယ်၊ အရည်အသွေး နိမ့်ကျမှုတွေ ရှိလာမယ်။ မြေပဲဆန်က ဒေသအလိုက် အရည်အသွေးအရ တစ်ပိဿာ ကျပ် ၁၄၀၀ ကနေ ၁၆၀၀ ဝန်းကျင်ရှိပါတယ်။ ပဲဆီနဲ့ စားအုန်းဆီ ဈေးကွာခြားမှုသိပ်မကြီးမားရင်တော့ ပဲဆီ၊ နှမ်းဆီ ဈေးကွက် ပုံမှန်ရှိနေမှာပါ။လိုအပ်တာထက် စားအုန်းဆီ လျှော့သွင်းဖို့ဆိုတာ သဘာ၀ မကျပါဘူးလို့ဆို    စားအုန်းဆီလျှော့သွင်းမယ်ဆိုရင် အထိုက်အလျောက် ခံသာမယ်လို့ ဆိုလို့ရပါတယ်။ ဒါက ပြည်တွင်း ဆီ စက်လုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားတစ်ခုကို ကြည့်ပြီး ဒီရှုထောင့်ကြည့်ရင် မှန်နိုင်ပေမဲ့ လက်ရှိသွင်းနေ တဲ့ စားအုန်းဆီအရည်အသွေးမြင့်လာတာကို စားသုံးသူဈေးကွက်က လက်ခံနေတာဆိုတော့ လိုအပ်တာ ထက် ဆီလျှော့သွင်းဖို့ဆိုတာကလည်း သဘာဝမကျဘူးလို့ ယူဆပါတယ်။ အရင်က စားအုန်းဆီနဲ့ ပဲဆီ ဈေးကွာဟမှုက တစ်ပိဿာ ကျပ် ၅၀၀-၇၀၀ လောက်ကွာတုန်းက အရောင်းအဝယ်ကောင်းပါတယ်။ စားအုန်းဆီဈေး ခုလိုကျဆင်းတာကလည်း ကမ္ဘာ့ဈေးကွက်နဲ့ ယှဉ်ပြီးဖြစ်တာဆိုတော့ ပဲဆီ၊ နှမ်းဆီကို တစ်ပိဿာ ကျပ် ၂၂၀၀ လောက်နဲ့ ယှဉ်ရောင်းနိုင်ရင်တော့ ဈေးကွက်ယှဉ်ပြိုင်လာနိုင်မှာပါ။ ဒါဆိုရင် မြေပဲဆန် ဈေးကို လျှော့ပြီး ဝယ်ရတော့မယ်။ ဒါပေမဲ့ တစ်ဖက်က တောင်သူတွေမှာကျတော့လည်း သွင်းအားစုအခက်အခဲ၊ စိုက်ပျိုးတဲ့ နည်းစနစ်၊ မျိုးအရည်အသွေးတွေအရ သီးနှံအထွက်နည်းတော့ ဆီစက်လုပ်ငန်းရှင်တွေ ကိုက်အောင် ကုန်ကြမ်းဈေးက လျှော့မရတဲ့ အခြေအနေဖြစ်နေပါတယ်။ တောင် သူတွေအခုထွက်ရှိတဲ့ ပမာဏထက် ၂ ဆပိုထွက်ရင်တော့ ဈေးလျှော့ရောင်းနိုင်ပြီး ကျွန်တော်တို့ ဆီစက် လုပ်ငန်းရှင်တွေလည်း လည်ပတ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပြည်တွင်းဆီတွေကို စားသုံးလာနိုင်ဖို့ တောင်သူတွေ ထုတ်လုပ်မှုတက် အောင် ဝိုင်းဝန်းပံ့ပိုးသင့်    ဆီစက်လုပ်ငန်းရှင်တွေထဲမှာ ပဲဆီအသန့်ကို ပုံးနဲ့ ရောင်းတဲ့ ဆီစက်လုပ်ငန်းရှင်တွေရှိသလို ပေပါနဲ့ လည်း ရောင်းတာရှိပါတယ်။ ပုံးအသေးနဲ့ရောင်းတဲ့ ဆီကို တစ်ဆင့်ပြန်ရောပြီး ရောင်းချတာမျိုးမရှိနိုင်ပေမဲ့ ပေပါဆီတွေကိုတော့ စားအုန်းဆီနဲ့ ရောပြီး ရောဆီအဖြစ် ဈေးကွက်တစ်ခုဖော်ရောင်းကြတာလည်း ရှိလာပါတယ်။ စားအုန်းဆီက အရည်အသွေးမြင့်တာမှန်ပေမဲ့ ယေဘုယျကျွန်တော်တို့ သာမန်အမြင်အရ ပြောရမယ်ဆိုရင် ပဲဆီ၊ နှမ်းဆီတို့လိုတော့ ကျန်းမာရေးရှုထောင့်အရ မီမှာ မဟုတ်ပါဘူး၊ လက်ရှိ ဈေး ကွက်မှာ ဆီစက်လုပ်ငန်းရှင်တွေရဲ့ မြေပဲဆီ၊ နှမ်းဆီဈေးကွက် ပြန်ကောင်းလာဖို့ဆိုတာ ဆီလျှော့သွင်းယုံနဲ့ ရေရှည်ဖြေရှင်းနိုင်မှာမဟုတ်လို့ ကုန်ကြမ်းပေါများပြီး ဈေးနှုန်းယှဉ်ပြိုင်နိုင်ဖို့ တောင်သူတွေကို ဝိုင်းဝန်း ပံ့ပိုးဖို့လည်း လိုအပ်မယ်ဆို့ ယူဆပါတယ်" လို့လည်း သုံးသပ်ဆွေးနွေးပြောကြားပါတယ်။ဆီတင်သွင်းကုမ္ပဏီများ မှန်မှန်ထုတ်ယူပြီး ဆီကန်အခြေအနေအရ အချိန်ကိုက် တင်သွင်းရင် စောင့်ဆိုင်းရမှု နည်းနိုင်        Diamond Dragon  ကုမ္ပဏီမှ ဦးခင်ဇော်မှ "ဆီလှောင်ကန်လုပ်ငန်းနဲ့ ပတ်သက်လို့ ဆွေးနွေးရမယ် ဆိုရင်အရင်က ကုမ္ပဏီတစ်ခုတည်းသွင်းစဉ်က ဆီရောင်းချမှုအခြေအနေ၊ ဆီကန်ထဲကထုတ်ယူတဲ့ အခြေ အနေတွေအရ သူ့သင်္ဘောကို ထိန်းပြီး သွင်းတာဆိုတော့ ဆီကန်ထဲမှာလည်း ဆီမပြတ်သလို သင်္ဘော စောင့်ရတာမျိုးလည်း မရှိပါဘူး။ အခုတော့ကုမ္ပဏီ ၃၀ ကျော်ကတင်သွင်းတာဖြစ်ပြီး အားလုံးက စုပေါင်း ဆွေးနွေးညှိနှိုင်း ဆောင်ရွက်တာမျိုးမဟုတ်တော့ ပင်လယ်ဝမှာ အလှည့်စောင့်ဆိုင်းရတာမျိုးတွေ ဖြစ်ရ တာပါ။ အခု သွင်းလာတဲ့ ဆီတွေက  quality  ကောင်းလာလို့ ရှိတဲ့ ဆီကန်ထဲလည်း မျှထည့်ပေးလို့ရပါ တယ်။ အချို့ကုမ္ပဏီတွေက သတ်မှတ်ရက်အတွင်း ထုတ်ယူပေမဲ့ အချို့ကတော့ သတ်မှတ်ရက်ကျော်မှ ထုတ်ယူတာလည်း ရှိပါတယ်။ အမှန်တော့ ကုမ္ပဏီအားလုံးက ဆီကန်အခြေအနေကို ကြည့်ပြီး ကိုယ့် အလှည့်မှာ အချိန်ကိုက် သင်္ဘောဝင်နိုင်ရင်တော့ ပင်လယ်ဝမှာ စောင့်နေစရာ မလိုပါဘူး။စီးပွားရေးအရ အတားအဆီးမရှိတဲ့အတွက် ဝမ်းသာတယ်လို့ဆို    စားအုန်းဆီလုပ်ငန်းကို ယခင်ကုမ္ပဏီကြီးတစ်ခုထဲမှ သွင်းစဉ်က ပြည်တွင်းဖြန့်ဖြူးမှုကိုသာ ဆောင်ရွက်ခဲ့ရပြီး ယခုအခါမှာတော့ ကိုယ်တိုင်တင်သွင်းခွင့်ရသလို လက်ကားဖြန့်ဖြူးမှုကိုပါ ဆက်လက်ဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောကြားရာမှာတော့ "အခုလို စီးပွားရေးအရ လွတ်လွတ်လပ်လပ်နဲ့ အတားအဆီးမရှိ လုပ်ခွင့်ပြုလိုက်တော့ ကျွန်တော်တို့လို ကုန်သည်တွေ ဝမ်းသာရပါတယ်"လို့ ဆိုပါတယ်။ ဆက်လက်ပြီး " စားအုန်းဆီဈေးက နိုင်ငံခြားဈေးနဲ့ ကပ်သွားတော့ ဈေးကစားတဲ့ ပုဂ္ဂိုလ်မရှိသလောက်ဖြစ်သွားပြီး စားသုံးသူတွေ ဈေးသက်သက်သာသာနဲ့ စားသုံးခွင့် ရတာပါ။ ပဲဆီစားသုံးသူဆိုတာလည်း ရှိသလို စားအုန်းဆီက အကြော်ခံတဲ့အတွက် လုပ်ငန်းသမား တွေအတွက် ပိုရောင်းရပါတယ်။ အရည်အသွေးပိုကောင်းလာတော့ စားသုံးသူတွေပါ ပိုစားသုံးလာကြပါ တယ်။ အမှန်တော့ စားအုန်းဆီက အရင်က ပဲဆီနဲ့ ဈေးသိပ်မကွာခင်ကလည်း လုပ်ငန်းရှင်တွေ မဖြစ်မနေ သုံးနေရပါတယ်။ တင်သွင်းပမာဏရဲ့ ၄ ပုံ ၁ ပုံလောက်ဘဲ စားသုံးမှုရှိမယ်လို့ ခန့်မှန်းရပြီး အများစု ကတော့ လုပ်ငန်းသုံးထဲ ဝင်သွားတာပါ။လျှော့သွင်းမယ်ဆိုရင် စားအုန်းဆီဈေး ပြန်တက်နိုင်     လက်ရှိ တင်သွင်းပမာဏကို လျှော့ပြီး ပါမစ်ကို ကန့်သတ်မယ်ဆိုရင်တော့ အခုစားအုန်းဆီ တစ် ပိဿာ ကျပ် ၁၆၈၀ နဲ့ ဖြန့်တဲ့ဈေးဟာ ၂၀၀၀ ကျပ်ကို ပြန်တက်သွားမယ်လို့ ယူဆရပါတယ်။ လက်ရှိ တင်သွင်းတဲ့ ပမာဏအတိုင်းပဲ တင်သွင်းသင့်ပါတယ်။ အရင်က ကုမ္ပဏီတစ်ခုထဲက တင်သွင်းစဉ်က ရန်ကုန်မှာ သူခွဲတမ်းနဲ့ သူရှိတဲ့အတွက် ကျွန်တော့အနေနဲ့ နယ်ကို အဓိကထားပြီး ဖြန့်ပါတယ်။ အဓိက တော့ မန္တလေး၊ မကွေး၊ မြင်းခြံ၊ ပခုက္ကူ၊ တောင်ကြီးစတဲ့ အထက်ဒေသကို ဖြန့်ရတာပါ။ မကွေး၊ ပခုက္ကူဘက်ကို ဖြန့်ဝေမှုအနေနဲ့ လုပ်ငန်းသုံးသမားတွေရှိလို့ အရင်ကလည်း ဖြန့်ရသလို အခုအချိန်မှာ တော့ စက်သမားတွေလည်း ရောဆီအဖြစ်ရောင်းတာတွေရှိလို့ ပမာဏ ပိုဖြန့်ရပါတယ်။            ကျွန်တော်တို့ တင်သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့ ပြည်တွင်းငွေဈေးနဲ့ နိုင်ငံခြားဆီဈေးပေါ်မူတည်လို့ အမြတ်ကို ခပ်ပါးပါးပဲထားပြီး ရောင်းတာဆိုတော့ ရှုံးတဲ့အခေါက်ရှိသလို မြတ်တဲ့အခေါက်လည်း ရှိပါ တယ်။ ဒါပေမဲ့ ဆီက ငွေပေါ်မြန်တော့ တစ်ကြောင်းရှုံးရင် နောက်တစ်ကြောင်း ပြန်လှည့်လုပ်ရပါတယ်။ ကျွန်တော်ကတော့ ဆက်ပြီး သွင်းနေဦးမှာပါပဲ " လို့ ဆိုပါတယ်။ပြည်တွင်းထုတ်လုပ်မှုတက်ပြီး လျှော့သွင်းနိုင်အောင်နဲ့ ပြည်သူတွေ ကျန်းမာရေးနဲ့ ပိုသင့်လျော်တဲ့ ဆီတွေ စားသုံးလာစေဖို့ တဖြည်းဖြည်းနဲ့ ထိန်းညှိသွားမယ်လို့ဆို    မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသိန်းဟန်က ဆွေးနွေးရာ မှာတော့ "ကုမ္ပဏီအများက အပြိုင်အဆိုင်နဲ့ အဆင့်မြင့်ဆီတွေ တင်သွင်းတာဆိုတော့ စားသုံးသူတွေ သက်သာခွင့်ရပါတယ်။ လက်ရှိတင်သွင်းနေတယ်ဆိုတာကလည်း ပြည်တွင်းဆီထွက်သီးနှံနဲ့ မလုံလောက် လို့ လိုအပ်ချက်ကိုသာ တင်သွင်းနေတာဖြစ်ပါတယ်။လက်ရှိအခြေအနေအရ ပြည်ပက ဆီမတင်သွင်းဘူး ဆိုရင် စားသုံးသူတွေ ဈေးနှုန်းဖိစီးမှု ဖြစ်လာနိုင်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ နိုင်ငံတကာမှာလည်း ပဲဆီ၊နှမ်းဆီဆိုတာစားအုန်းဆီနဲ့ ဈေးတစ်ဆလောက်ပိုသလို ကျန်းမာရေးနဲ့လည်း ပဲဆီ၊ နှမ်းဆီက ပိုပြီး သင့်လျော်တာပါ။ လတ်တလောမှာ အခြေခံလူတန်းစားတွေ့ရဲ့ ဝင်ငွေအခြေအနေနဲ့ လိုအပ်ချက်အရ တော့ တင်သွင်းနေရဦးမှာ ဖြစ်ပါတယ်။ အခြေခံလူတန်းစားတွေ့ရဲ့ ဝင်ငွေတိုးလာမယ်၊ လူတွေရဲ့နေထိုင် စားသောက်မှုပုံသဏ္ဍာန်ကလည်း မြင့်လာမယ်ဆိုရင်တော့ ပဲဆီ၊ နှမ်းဆီတွေကို ပိုမိုစားသုံးလာကြမှာပဲ ဖြစ်ပါတယ်။ ပြည်တွင်းထုတ်လုပ်မှု တိုးတက်ပြီး လျှော့သွင်းနိုင်အောင်နဲ့ ပြည်သူတွေ ကျန်းမာရေးနဲ့ ပို သင့်လျော်တဲ့ ဆီတွေ စားသုံးလာစေဖို့ဆိုတာ တဖြည်းဖြည်းနဲ့ ထိန်းညှိသွားရမှာ ဖြစ်ပါတယ်။ အရင်က ကုမ္ပဏီတစ်ခုထဲသွင်းစဉ်က စားအုန်းဆီဈေးမြင့်တဲ့အတွက် နယ်စပ်ကတစ်ဆင့် စားအုန်းဆီတွေ မှောင်ခို တင်သွင်းတာ မှန်ပေမဲ့ လက်ရှိကာလ ဈေးနှုန်းအနေနဲ့ဆိုရင် ပြည်တွင်းဈေး အရမ်းနိမ့်နေတော့ ပြည်မထဲကို မှောင်ခိုတင်သွင်းဝင်ရောက်လာနိုင်တဲ့ အခြေအနေ မဟုတ်ပါဘူး။  ပြည်မနဲ့ အလှမ်းဝေးပြီး သယ်ယူဖို့ မလွယ်ကူတဲ့နယ်စပ်ဒေသခံတွေ စားသုံးဖို့ လောက်အတွက်သာ တင်သွင်းမယ်လို့ ယူဆရပါတယ်။ ပြည် တွင်းဆီဈေးကွက်အခြေအနေ၊ ထုတ်လုပ်မှုအလားအလာတွေနဲ့ပတ်သက်လို့ မကြာခင်ကျင်းပမယ့် အစည်း အဝေးမှာ တင်ပြဖို့လည်း ကြိုတင်ပြင်ဆင်ထားပါတယ်" လို့ ပြောကြားပါတယ်။တစ်လပျှမ်းမျှ စားအုန်းဆီ တန်၂၇၅၀၀ ခန့် အသွင်းရှိ    စားအုန်းဆီတင်သွင်းဖြန့်ဖြူးမှုကို သက်ဆိုင်ရာဌာနစာရင်းများအရ လေ့လာကြည့်တဲ့အခါ ၂၀၁၁ ခုနှစ်မေလကစပြီး ၂၀၁၂ ဇန်နဝါရီလ ပထမပတ်အထိ စားအုန်းဆီတန်ချိန် ၂၂၀၀၀၀ ကျော် တင်သွင်း ဖြန့်ဖြူးထားပြီးကြောင်း သိရပါတယ်။ လစဉ်တင်သွင်းမှုတွေအနေနဲ့ ဇူလိုင်လနဲ့ အောက်တိုဘာလမှာ တန်ချိန် ၃သောင်းအထက် တင်သွင်းခဲ့ပြီး ကျန်လတွေမှာတော့ တန် နှစ်သောင်းအထက် တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ပျမ်းမျှတွက်မယ်ဆိုရင် တစ်လကို တန်ချိန် ၂၇၅၀၀ ခန့် တင်သွင်းဖြန့်ဖြူးမှုရှိခဲ့တယ်လို့ သိရပါတယ်။ ယခုနောက်ပိုင်းလတွေမှာတော့ လိုင်စင်လျှောက်ထားတဲ့ ကုမ္ပဏီများ လျော့နည်းလာတယ် လို့လည်း ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။    လအလိုက် စားအုန်းဆီ လိုင်စင်လျှောက်ထားမှုနဲ့ တင်သွင်းမှုအခြေအနေလ              လိုင်စင်ထုတ်ယူမှု               သင်္ဘောရောက်ရှိမှု                ကုမ္ပဏီ    တန်ချိန်   ကုမ္ပဏီ    တန်ချိန်    မေလ           ၁၃        ၄၁၀၃၀    ၈        ၂၂၆၃၆ဇွန်               ၁၂       ၄၄၆၃၁    ၁၂      ၂၉၉၃၀ဇူလိုင်            ၁၃       ၄၇၇၄၉    ၁၂      ၃၃၆၇၃သြဂုတ်            ၈       ၃၁၆၄၀    ၁၀      ၂၄၅၆၈စက်တင်ဘာ      ၉       ၃၄၂၂၈    ၁၁      ၂၇၅၆၂အောက်တိုဘာ    ၆     ၂၁၃၀၆     ၁၂       ၃၀၆၈၁နိုဝင်ဘာ           ၉      ၃၁၀၀၄     ၁၁     ၂၆၆၂၀ဒီဇင်ဘာလ        ၆     ၂၂၂၂၀      ၁၃      ၂၄၃၅၉ဆီစက်လုပ်ငန်းရှင်များ ထိခိုက်မှုမရှိရအောင် အဖြေညှိနိုင်မယ်လို့ မျှော်လင့်    ဇန်နဝါရီ ၁၇ ရက်မှာလည်း စီးပွားရေးနှင့် ကူူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးပြီး ပြည်တွင်း စားဆီဈေးကွက်၊ ဆီထုတ်လုပ်မှုများနဲ့ပတ်သက်လို့လည်း ဆီတင်သွင်းသူ၊ ဆီစက်လုပ်ငန်းရှင် များနဲ့ ဆီထွက်သီးနှံစိုက်ပျိုးတဲ့ တောင်သူများပါမကျန် တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။ နိုင်ငံတော် အပိုင်းအနေနဲ့ စားသုံးသူတွေ ဈေးနှုန်းမဖိစီးရအောင်ဆောင်ရွက်နေသလို စိုက်ပျိုးသူများနဲ့ ဆီစက် လုပ်ငန်းရှင်များပါ အဆင်ပြေစေဖို့ မြေပဲဆီ၊ နှမ်းဆီများလည်း တင်ပို့ခွင့်ပြုထားပြီးဖြစ်ပေမဲ့ လတ်တ လောမှာ ဆီစက်လုပ်ငန်းရှင်တွေ ထိခိုက်မှု ရှိနေတယ်ဆိုတဲ့ကိစ္စကိုလည်း မကြာခင်မှာ အဖြေညှိနိုင်မယ်လို့ မျှော်လင့် ရပါတယ်။ မြန်မာ့ဆီဈေးကွက်မှာ ပါဝင်သူများအားလုံး ရေရှည်မှာ အဆင်ပြေစွာဆောင်ရွက် နိုင်ဖို့နဲ့ စားသုံးသူပြည်သူများရဲ့ ကျန်းမာရေးအတွက် ပိုမိုသင့်လျော်တဲ့ ပဲဆီ၊ နှမ်းဆီများ ပိုမိုစားသုံးနိုင် ရေးဟာ အဓိကအားဖြင့် အဓိကစိုက်ပျိုးထုတ်လုပ်သူများ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ဟာ အခြေခံ အကြောင်းတရားပဲ ဖြစ်ပါတယ်။ ဒါကြောင့် တောင်သူများပိုမိုထုတ်လုပ်နိုင်ဖို့အတွက်လိုအပ်တဲ့ အထောက် အပံ့တွေဖြစ်တဲ့ သွင်းအားစု၊ မျိုးကောင်းမျိုးသန့်၊ နည်းပညာတွေကို သက်ဆိုင်ရာဌာန ပညာရှင် များနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပြီး ဒီလိုပူးပေါင်းရာမှာလည်း အရင်းအနှီးရှိတဲ့ လုပ်ငန်းရှင်များပါဝင်နိုင်ဖို့ ဆီတင်သွင်းသူ၊ ဆီကုန်သည်နဲ့ ဆီစက်ပိုင်ရှင်များပါဝင်ဖို့ လိုမှာဖြစ်ကြောင်းပါ။            ယုဇန