Main menu

Background

တရုတ်နိုင်ငံ၏ ၂၀၁၁ ခုနှစ် နိုဝင်ဘာကုန်သွယ်မှု မြင့်တက်

Mon, 01/16/2012 - 09:15 -- Anonymous (not verified)

             ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုသည် နှစ်အလိုက် ၁၃ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇၄ ဒသမ ၄၆ ဘီလီယံရှိပြီး၊ သွင်းကုန်တင်သွင်းမှု သည် နှစ်အလိုက် ၂၂ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅၉ ဒသမ ၉၄ ဘီလီယံ ရှိခဲ့ခြင်းကြောင့် ကုန်သွယ်မှုပိုငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၃၄ ဒသမ ၄ ဘီလီယံအထိစံချိန်တင်မြင့် ၁တက်ခဲ့ကြောင်း ယခင်နှစ်ထက် ၁၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ယခင်လထက် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန (ွဗဃ)  မှ တရားဝင်ထုတ် ပြန်ခဲ့သည်။ ၂၀၁၁ ခုနှစ် ပထမဆယ့်တစ်လတွင် တရုတ်နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် ယခင်နှစ်ထက် ၂၃ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၁ ထရီလီယံရှိကြောင်း၊ နိုဝင်ဘာလ၌ ကုန်သွယ်မှုပိုငွေတန်ဖိုး သည်ယခင်နှစ်ထက် ၃၄ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅၂ ဘီလီယံရှိပြီး၊ ပထမဆယ့် တစ်လအတွင်း စုစုပေါင်းကုန်သွယ်မှုပိုငွေတန်ဖိုးသည် နှစ်အလိုက် ၁၈ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက် လာပြီး၊ အမေရိကန် ဒေါ်လာ ၁၃၈ ဒသမ ၄ ဘီလီယံရှိကြောင်း၊ တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဘက်ဖြစ် သော ဥရောပသမဂ္ဂသို့ ပို့ကုန်တင်ပို့မှု သည် နှစ်အလိုက် ၁၉ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာပြီး၊ အမေရိကန် ဒေါ်လာ ၅၁၇ ဒသမ ၁၁ ဘီလီယံရှိကြောင်း၊ အမေရိကား၊ အာဆီယံဒေသနှင့် ဂျပန်နိုင်ငံတို့ သို့တင်ပို့မှုသည် ၁၆ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၅ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၁၆ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ပြီး၊ အမေရိကန် ဒေါ်လာ ၄၀၅ ဒသမ ၅၃ ဘီလီယံ၊ ၃၂၈ ဒသမ ၉၆ ဘီလီယံနှင့် ၃၁၂ ဘီလီယံအသီးသီး မြင့်တက်ခဲ့ကြောင်း သိရသည်။ ဇာစ်မြစ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့။