Main menu

Background

ဟောင်ကောင်ဒေသ၏ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကုန်၌ နိုင်ငံခြားအရန်ငွေ ပမာဏ မြင့်တက်

Mon, 01/16/2012 - 09:16 -- Anonymous (not verified)

၂၀၁၁ ခုနှစ် နိုဝင်လာလကုန်၌ ဟောင်ကောင်ဒေသ၏ နိုင်ငံခြားအရန် ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၅ ဘီလီယံ သို့မဟုတ် ဟောင်ကောင်ဒေါ်လာ ၂၁၉၅ ဘီလီယံကျော်ရှိ၍ လွန်ခဲ့သော အောက်တိုဘာ လထက် အမေရိကန်ဒေါ်လာ ၈၀၀ သန်း  သို့မဟုတ် ဟောင်ကောင်ဒေါ်လာ ၆ ဒသမ ၂၂ ဘီလီယံမြင့်တက်ခဲ့ကြောင်း ဟောင်ကောင်ငွေကြေးအာဏာပိုင်မှ ထုတ်ပြန်ခဲ့သည်။ အဆိုပါ စုစုပေါင်း နိုင်ငံခြားအရန်ငွေပမာဏသည် ပြည် တွင်း၌ လည်ပတ်လျက်ရှိသော ငွေကြေးပမာဏနှင့်  ငွေချေးစာချုပ်များ၏ ၉ ဆ သို့မဟုတ် ဟောင်ကောင်ဒေါ်လာ M3   ၏ ၅၅ ရာခိုင်နှုန်းရှိကြောင်း၊ ဟောင်ကောင်ဒေသသည် တရုတ်ပြည်မကြီး၊ ဂျပန်၊ ရုရှား၊ ဆော်ဒီအာရေးဗျ၊ တရုတ်(တိုင်ပေ)၊ အိန္ဒိယ၊ ဘရားဇီးလ်နှင့် တောင်ကိုရီးယားနိုင်ငံပြီးလျှင် နဝမ မြောက် နိုင်ငံခြားအရန်ငွေပမာဏအများဆုံး ဆက်လက်ပိုင်ဆိုင်ထားကြောင်း ဖော်ပြထားကြောင်း သိရသည်။ဇာစ်မြစ်။ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ဟောင်ကောင်မြို့။