Main menu

Background

အရန်ဆန်ဝယ်ယူရေး ပြည်နယ်နှင့်မြို့နယ်ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်း

Mon, 01/16/2012 - 09:48 -- Anonymous (not verified)

     နိုင်ငံတော်အရန်ဆန်ဝယ်ယူရေးအတွက် မွန်ပြည်နယ်ဆန်စပါး လုပ်ငန်းအသင်းအစည်းအဝေးကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် နံနက်က မွန်ပြည်နယ် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်း ဝယ်ရေးရှိ (TPIS)ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးကို မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ ပြည်နယ် မန်နေ ဂျာနဲ့ မွန်ပြည်နယ်ဆန်စပါးလုပ်ငန်းရှင်များအသင်း အမှုဆောင်များ၊ မြို့နယ်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဆန်စပါး ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များ၊ စုစုပေါင်း ၁၅ ဦး တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ မြို့နယ်အဆင့် အရန်ဆန်ဝယ်ယူရေးကော်မတီကို မြို့နယ်တစ်မြို့နယ်ကို အဖွဲ့ဝင် ၇ ဦးစီနဲ့ ဖွဲ့စည်းခဲ့ပြီးနောက် မွန် ပြည်နယ် အရန်ဆန်ဝယ်ယူရေးကော်မတီကို ကော်မတီဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။ ကော်မတီဝင်များမှာ  ဆန်စပါး လုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်စပါးကုန်သည်များ ပါဝင် တယ်လို့လည်း သိရပါတယ်။ နိုင်ငံတော်အရန်ဆန်အဖြစ် မွန်ပြည် နယ်အတွင်းရှိ စပါး၊ ဆန်များကို ဝယ်ယူသွားမှာဖြစ်ပြီး၊ အခြေခံ အားဖြင့် ၂၅ ရာခိုင်နှုန်း ဆန်ကြိတ်ခွဲရရှိနိုင်တဲ့ ၄၆ ပေါင်ကိုက် ဧည့် မထစပါး တစ်တင်းကို ၃၀၀၀ ကျပ်နှုန်းထက် မနည်းတဲ့ဈေးနဲ့ တောင်သူများထံမှ ဝယ်ယူမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ရည် ရွယ်ချက်ကတော့ စပါးစိုက်တောင်သူများရဲ့ အကျိုးစီးပွားကို ဖော် ဆောင်ပေးနိုင်ရေး၊ ထုတ်လုပ်သူတွက်ခြေကိုက်တဲ့ စပါးဈေးနှုန်း ဖြစ် ပေါ်လာစေရေးနဲ့ နိုင်ငံတော်အရန်ဆန်အဖြစ်ထားရှိရေးတို့အတွက် ဖြစ်ကြောင်း သိရပါတယ်။ ယခုလတ်တလော  အခြေအနေမှာတော့  မွန်ပြည်နယ်မှာ ဧည့်မထစပါး ၄၆ ပေါင်ကိုက်၊ စပါး တစ်တင်းကို ၃၅၀၀ ကျပ်ဈေးနှုန်း ရှိကြောင်း သိရပါတယ်။                       ငြိမ်းမြတ်ကျော်