Main menu

Background

ကယားပြည်နယ်အတွက် ချေးငွေကျပ်သိန်းနှစ်သောင်း အပြည့်အဝထုတ်ပေးပြီး

Mon, 01/16/2012 - 09:54 -- Anonymous (not verified)

    ကယားပြည်နယ်အစိုးရမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ဆင်းရဲမှုလျော့နည်းပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လက်ကျန်ငွေကျပ်သိန်း ၅၀၀၀ ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က အပြီးသတ် ထုတ်ချေးပေးခဲ့လို့ ကယား ပြည်နယ်ပြည်သူများထံသို့ ချေးငွေကျပ်သိန်း ၂ သောင်းမှာ အပြည့်အဝရောက်ရှိ သွားပြီးဖြစ်ကြောင်းသိရပါတယ်။ နောက်ဆုံး ချေးငွေ ထုတ်ချေးပေးခဲ့သောမြို့နယ်များမှာ လွိုင်ကော်မြို့နယ်အတွက် ကျပ်သိန်း ၂၅၀၀၊ ဒီမောဆိုမြို့နယ်အတွက် ကျပ် သိန်း ၂၃၅၀၊ ရှားတောမြို့နယ်အတွက် ကျပ်သိန်း ၁၅၀ တို့ ဖြစ်ပါတယ်။ ချေးငွေကျပ်သိန်းပေါင်း နှစ်သောင်းမှ မြို့နယ် အလိုက်ရရှိငွေ စုစုပေါင်းမှာ လွိုင်ကော် မြို့နယ်အတွက် ကျပ်သိန်း ၆၅၀၀၊ ဒီမောဆိုမြို့နယ်အတွက် ကျပ်သိန်း ၅၈၅၀၊ ဖရူဆိုမြို့နယ်အတွက် ကျပ်သိန်း ၂၅၀၀၊ ရှားတောမြို့နယ်အတွက် ကျပ်သိန်း ၂၇၃၄၊ ဘောလခဲမြို့နယ်အတွက် ကျပ်သိန်း ၁၄၀၀၊ ဖားဆောင်မြို့နယ်အတွက် ကျပ်သိန်း ၄၇၆ နဲ့ မယ်စဲ့မြို့နယ်အတွက် ကျပ်သိန်း ၅၄၀ တို့ဖြစ်ကြပြီး ချေးငွေကို ကျေးလက်နေပြည်သူများရဲ့ အဓိကစားဝတ်နေရေး လုပ်ငန်းများဖြစ်တဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေး လုပ်ငန်းများအတွက် ဦးစားပေးထုတ်ချေးခဲ့ကြောင်းသိရပါတယ်။                                                            မင်းအောင်