အိန္ဒိယနိုင်ငံက ဘာစမာတီမဟုတ်တဲ့ ဆန်တန်ချိန် ၂ သန်းတင်ပို့ဖို့ အများဆုံး သတ်မှတ်ထားခြင်းကို ဖယ်ရှား
အိန္ဒိယရဲ့ ဘာစမာတီမဟုတ်တဲ့ ဆန်တင်ပို့မှုအပေါ် တန်ချိန် ၂ သန်းအများဆုံး သတ်မှတ်ထားခြင်းကို ဖယ်ရှား လိုက်ပြီဖြစ်ကြောင်း၊ စားနပ်ရိက္ခာဝန်ကြီးဌာနအရာရှိများက အတည်ပြုပြောကြားပါတယ်။ အိန္ဒိယ ဆန်သိုလှောင်လက် ကျန်မြင့်နေတာကြောင့် ပြည်ပဆက်လက်တင်ပို့သွားမယ်လို့ ဝန်ကြီးက ဇန်နဝါရီလ ၁၇ ရက်မှာ ပြောကြားပါတယ်။ နိုင်ငံ အနေနဲ့ ပြည်တွင်းလိုအပ်ချက်အတွက် အဆင်ပြေပြေဖြည့် ဆည်းနိုင်လို့ စားနပ်ရိက္ခာ ဖူလုံမှုနဲ့ အခြားသက်သာ ချောင် ချိရေး စီမံချက်များလည်း တိုးမြင့်နိုင်လိမ့်မယ်လို့ ဆိုပါ တယ်။ ၂၀၁၂ မှာ အိန္ဒိယနိုင်ငံ စုစုပေါင်းတင်ပို့မှုဟာ တန်ချိန် ၅ သန်းမှ ၇ သန်းအထိရှိနိုင်ပြီး၊ အဲဒီပမာဏထဲမှာ ဘာစ မာတီဆန်တန်ချိန် ၂ သန်း သို့မဟုတ် ၃ သန်းခန့်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ၄ နှစ်ကြာ ပြည်ပတင်ပို့မှုကို ပိတ်ပြီး၊ ၂၀၁၀ စက်တင်ဘာလမှာ ဆန်ပြန်လည်တင်ပို့ခွင့်ပြု ခဲ့တာ ဖြစ်ပါတယ်။ ဆန်တန်ချိန် ၂ သန်းထိ တင်ပို့ပြီးရင် ဆန်တင်ပို့မှုကို ပြန်လည်သုံးသပ်မယ်လို့ ပြောကြားခဲ့ခြင်းကို ယခုအခါ အကောင်အထည်ဖော်လိုက်တာဖြစ်ပါတယ်။ ဇန်နဝါရီလ ပထမပတ်တိုင်အောင် ဘာစမာတီမဟုတ်တဲ့ ဆန်တန်ချိန် ၁ ဒသမ ၉၆ သန်း ဝန်းကျင်တင်ပို့ခဲ့ပြီး ဖြစ်ပါ တယ်။ အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှု ပြန်လည်စတင်တဲ့အချိန် မှာပဲ ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးမှုကြောင့် သယ်ယူပို့ ဆောင်မှု အခက်အခဲနဲ့အတူ စပါးအပေါင်ခံ အစီအစဉ်ကြောင့် ဈေးနှုန်း မြင့်တက်ခဲ့တဲ့အတွက် ဆန်တင်ပို့မှု ကျဆင်းခဲ့ပါတယ်။ ၂၀၁၁ မှာ ဆန်အမြောက်အမြားထွက်ရှိပြီး၊ ၂၀၁၂ မှာလည်း နောက် ထပ်ပိုမိုထွက်ရှိမယ့် မျှော်လင့်ချက်ကြောင့် ၂၀၁၂ မှာ အိန္ဒိယက ဆန်တန်ချိန် ၇ သန်းအထိ တင်ပို့နိုင်မယ်လို့ အေဂျင်စီ တစ်ခုမှလည်း ဆိုပါတယ်။ ဆန်တင်ပို့ခြင်းမှ ၂၀၁၂ မှာ ကန်ဒေါ်လာ ၂ ဘီလီယံဝန်းကျင် ရရှိဖို့ မျှော်မှန်းထား ကြောင်းလည်း သိရပါတယ်။လမင်း၊Source: oryzq.com
