Main menu

Background

မတ်ပဲတင်ပို့မှု တန် ၈၀၀၀ ကျော်ထိ ပြန်တက်လာ

Mon, 01/23/2012 - 07:38 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခုတစ်ပတ်အတွင်းပြန်တိုးတက် လာခဲ့ပါတယ်။ ယခင် သီတင်းပတ်က တန်ချိန် ၅၀၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခု တစ်ပတ် (ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်)အတွင်းမှာတော့တန်ချိန် ၈၂၀၀ ကျော် ထိတိုးတက်လာခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ဇန်ဝါရီလ ၁၃ ရက်နေ့အထိ မတ်ပဲ ပြည်ပတင်ပို့မှုကို ကြည့်ရင် တန်ချိန် ၅ သိန်းကျော်ပြီဖြစ်ပြီး ဝင်ငွေအားဖြင့် ကန် ဒေါ်လာ ၄၁၄ သန်းကျော်ရရှိပြီဖြစ်ကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလ တူအတွင်းမှာတော့ တန်ချိန် ၃၇၀၀၀၀ နီးပါး တင်ပို့ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၃၇၄ သန်းခန့်ရရှိခဲ့ကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍနှစ် တစ်နှစ်လုံးမှာ မတ်ပဲ စုစုပေါင်း တင်ပို့မှုဟာ တန်ချိန် ၄၆၅၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၄၅၉ သန်းခန့်ရှိလို့ ယခုနှစ် လက်ရှိကာလအထိ တင်ပို့မှုပမာဏမှာ တန်ချိန် ၅ သောင်းခန့် ပိုမိုတင်ပို့နိုင်ကြောင်းသိရပါတယ်။လတ်တလောမတ်ပဲကိုပုံမှန်အဝယ်ရှိနေတဲ့အတွက် လာမယ့်သီတင်းပတ်တွေမှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။MIRT - MAPT