ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲက တော့ လေးလေးနဲ့ မှန်မှန်အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။ အိန္ဒိယက ဝယ်လက်တွေ နေ့စဉ်အဝယ်ရှိနေလို့ ယခုတစ်ပတ် (ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်) အတွင်း မတ်ပဲ SQ ၊ FAQ စုစုပေါင်းတန်ချိန် ၈၅၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၄၀၀၀ နီးပါးသာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်မှာ အဝယ်ပြန်လိုက်လာတဲ့ သဘောရှိ ပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း မတ်ပဲ အရောင်းအဝယ်ဖြစ်မှုများနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ဒေါ်လာ တန်ဖိုးခိုင်မာလာခြင်းနဲ့ အဝယ်ပြန်ရှိလာခြင်းတို့ ကြောင့် ရန်ကုန် FOB ဈေး အနည်းငယ်တိုးလာခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂၀-၁-၂၀၁၂ ၅၈၀-၆၀၀ ၆၃၀-၆၅၀၁၃-၁-၂၀၁၂ ၅၇၀-၅၉၀ ၆၂၀-၆၄၀MIRT(MAPT)
Background