ပြည်ရဲ့ ပဲဈေးကွက်မှာ မတ်ပဲအသစ်၊ အဟောင်းတစ်တင်းကို ၁၄၀၀၀ ကျပ် ဈေးနဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲသစ်များ မကွေးတိုင်းဒေသကြီး ကံမ၊ သက်ကယ်၊မြောင်၊စစ္စရံရွာများဘက်မှရေလမ်းနဲ့ ပြည်ပွဲရုံများသို့ တစ်နေ့ ၁၀-၁၅ အိတ်ခန့်အနည်းငယ်အဝင်ရှိနေတယ်လို့ သိရပါတယ်။ ပဲသစ်များမှာ အဝင်နည်း သေးလို့ ဈေးကွက်အတွင်း အရောင်းအဝယ်မဖြစ်သေးဘဲ ပဲဟောင်းကို သာ ထုတ် ရောင်းကြတယ်လို့ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ ရန်ကုန်ဝယ်လက်ပုံမှန် အဝယ်ရှိပြီး၊ တစ်နေ့ကို အိတ် ၃၀၀-၄၀၀ခန့်အဝယ်ရှိတယ်လို့ သိရပါတယ်။ ပြည် မှ ရန်ကုန်ဘုရင့်နောင်ကိုနေ့စဉ် အိတ် ၂၀၀၀ ဝန်းကျင် တင်ပို့မှုရှိတယ်လို့ သိရပါ တယ်။ မိမိအေး
Background