ပင်လယ်ရေကြောင်းက ပဲတင်ပို့ရာမှာ ပဲစင်းငုံတင်ပို့မှုကတော့ တစ်ပတ်ထက် တစ်ပတ် ပိုမိုလာနေတာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၉၀၀ နီးပါး တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဇန်နဝါရီလ ၉-၁၃) အတွင်းမှာတန်ချိန် ၁၄၀၀၀ နီးပါး ထိ တင်ပို့နိုင်ခဲ့ပါတယ်။ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၁၃ ရက်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၂၂၀၀၀၀ နီးပါးရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၃၃ သန်းကျော် ရရှိထားကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ ပဲစင်းငုံတန်ချိန် ၈၈၀၀၀ နီးပါးမှ ဝင်ငွေမှာကန်ဒေါ်လာ ၇၇ သန်း နီးပါးရှိပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ ပဲစင်းငုံ တန်ချိန် ၁၄၆၀၀၀ ကျော်တင်ပို့ခဲ့ကာ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၂၂ သန်း နီးပါး ရရှိခဲ့ပါတယ်။ ယခုနှစ် လက်ရှိအချိန်ထိ တင်ပို့ပြီးစီးမှုကို ယခင်နှစ် တစ်နှစ်လုံး တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် ၇ သောင်းကျော်ပိုမိုတင်ပို့ထားပြီးဖြစ်တယ်လို့ သက်ဆိုင် ရာဌာန စာရင်းများအရ သိရပါတယ်။ လတ်တလော အရောင်းအဝယ်သွက်နေတာ ကြောင့် လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှုအားကောင်းနိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ MIRT - MAPT
Background