Main menu

Background

ပဲစင်းငုံ FOB ဈေးကွက်မှာ ပဲစင်းငုံ အရောင်းအဝယ်သွက်နေ

Mon, 01/23/2012 - 07:53 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်မှာလည်း  ပဲစင်းငုံက အရောင်းအဝယ်အသွက်ဆုံးပဲဖြစ်နေပါတယ်။ ဇန်န ဝါရီလ ၁၃ရက်မှ ၁၉ ရက်အထိ ပဲစင်းငုံဖြူ၊ နီ၊ ဖြူနီ စုစုပေါင်း တန်ချိန် ၁၇၀၀၀ ကျော်ထိ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ဈေးကွက်မှာ ပဲစင်းငုံ အသစ်ရော အဟောင်းရော အဝယ်သွက်နေတဲ့ထဲမှာမှ ရှမ်းပြည်နယ် လင်းခေးစက အပျက်အစီးနည်းပြီး အလုံးအရွယ်အစားညီလို့ အကြိုက်များတယ်လို့ သိရပါတယ်။ ပခုက္ကူ၊ မုံရွာဘက်ကလည်း အရည်အသွေးကောင်းတဲ့ ပဲစင်းငုံတွေ အဝယ်သွက် တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ယခုနှစ်ဝင်လာတဲ့ ပဲစင်းငုံတွေထဲမှာ မနှစ်ကနဲ့ ယှဉ်ရင် အရည်အသွေးအနည်းငယ်နိမ့်ကျမှုရှိတယ်လို့လည်း ဆိုပါတယ်။    ဈေးကွက်ထဲမှာ ဝယ်လိုအားကောင်းနေပြီး ပို့ကုန်ဝင်ငွေ တစ်ဒေါ်လာ တန်ဖိုး ခိုင်မာနေတာကြောင့် ရန်ကုန် FOB ဈေးက ယခုတစ်ပတ် သိသိသာသာ တက်လာ ခဲ့ပါတယ်။             ဒေါ်လာ/တန်                     ပဲစင်းငုံနီ       ဖြူနီ၊ အဖြူ    အနီ(အဟောင်း)၂၀-၁-၂၀၁၂    ၆၅၀-၆၇၀    ၅၂၀-၅၄၀      ၆၀၀-၆၂၀၁၃-၁-၂၀၁၂    ၅၉၀-၆၁၀    ၄၉၀-၅၁၀      ၅၈၀-၆၀၀MIRT(MAPT)