Main menu

Background

ပဲစင်းငုံသစ် အဝင်လှိုင်လာ

Mon, 01/23/2012 - 08:00 -- Anonymous (not verified)

    မန္တလေးဈေးကွက်ကို တိုင်းတွင်းဒေသများဖြစ်တဲ့ မြင်းခြံခရိုင်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘို၊ မုံရွာ၊ ကန့်ဘလူ၊ မြင်းမူ၊ ဆားတောင်၊ အရာတော်ဒေသများက ပဲစင်းငုံသစ်များအဝင်လှိုင်လာပြီဖြစ်ပါတယ်။ သီးနှံသစ်အဝင်များလာ သလို သီးနှံဟောင်းလက်ကျန်များလည်း လှောင်လက်တွေမှာ အများအပြားရှိနေသေး တယ်လို့ သိရပါတယ်။ သီးနှံအသစ်က အဟောင်းထက် ၃ တင်းတစ်အိတ် ၃၀၀၀ ကျပ်ဝန်းကျင်ဈေးနိမ့်ပါတယ်။ ဈေးကွက်မှာ ရောင်းလိုအားများပြီး၊ ရန်ကုန် အဝယ်နည်းနေလို့ဈေး " အီ" နေတယ်လို့ ကုန်သည်များထံက သိရပါတယ်။ လတ် တလောဖြစ်ပေါ်နေတဲ့ ပဲစင်းငုံ တစ်ပိဿာ ပေါက်ဈေးကတော့ ငုံနီသစ် ၇၉၂ ကျပ်၊ အဟောင်း ၇၄၂ ကျပ် ဈေးဖြစ်ပြီး၊ ယခင်တစ်ပတ်ဈေးထက် အသစ် ၁၇ ကျပ်၊ အဟောင်း ၃၄ ကျပ်ဈေးမြင့်လာခဲ့ကြောင်း သိရပါတယ်။ချိုချိုမြင့်