Main menu

Background

ပဲလွန်းဖြူ FOB အဝယ် ပိုလိုက်လာ

Mon, 01/23/2012 - 08:03 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့် နောင်ကုန်စည်ဒိုင် FOB  ဈေးကွက်မှာ ယခုတစ်ပတ်လည်းပဲလွန်းဖြူကို အဝယ် လိုက်လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ပြီး ယခုဇန်နဝါရီလ ၁၃-၁၉ ရက်အတွင်းမှာလည်း ပဲလွန်းဖြူ တန်ချိန် ၇၀၀ ကျော်ထိ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဈေး ကွက်တွေကိုပဲလွန်းဖြူအသစ်ဝင်ရောက် မှု တိုးလာသလိုဝယ်လက်တွေလည်း ပိုမို ဝယ်ယူလာကြတယ်လို့ သိရပါတယ်။     ပြည်ပတင်ပို့မှုအနေနဲ့ ယခင် တစ်ပတ်က တန် ၁၀၀ ခန့် တင်ပို့မှုရှိ ခဲ့ပြီး ယခုတစ်ပတ် (ဇန်နဝါရီလ ၉-၁၃) ရက်အတွင်းမှာ တန်ချိန် ၁၅၀ ခန့်တင် ပို့ခဲ့ကြောင်း သိရပါတယ်။ တင်ပို့တဲ့နိုင်ငံ တွေ ကတော့ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနဲ့ တောင်ကိုရီးယားတို့ ဖြစ် ကြောင်း သိရပါတယ်။ ဇန်နဝါရီလ ၂၀ ရက် ရန်ကုန် FOB ဈေးအနေနဲ့ ပဲလွန်း ဖြူ FAQ  တစ်တန် ကန်ဒေါ်လာ ၇၃၀-၇၅၀၊ SQ တစ်တန် ကန်ဒေါ်လာ ၈၈၀-၉၀၀ အသီးသီးရှိကြောင်း သိရပါ တယ်။ MIRT - MAPT