ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အသစ်ဝင်လာတဲ့ ပဲတီစိမ်းတွေ အဝယ်ရှိလာလို့ ယခုတစ်ပတ် (ဇန်နဝါရီလ ၁၃-၁၉)အတွင်းမှာတန်ချိန် ၅၀၀၀ခန့်အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပဲခူး၊ တောင်ငူစ များ အရောင်းအဝယ်ဖြစ်နေပြီဖြစ်ပြီး နောက်လမှာ စထွက်မယ့် ခရမ်းစတွေကိုလည်း ဝယ်လက်တွေ စိတ်ဝင်စား နေကြတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနည်းငယ်ပိုလာသလို ပို့ကုန်ဝင်ငွေ တစ်ဒေါ်လာ တန်ဖိုးအနည်းငယ်မာလာပေမဲ့ ဇန်နဝါရီလ ၂၀ ရက် ပဲတီစိမ်းအညာနဲ့ ပဲတီရွှေဝါအကြီး FOB ဈေးမှာ တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀ နဲ့ ၇၇၀-၇၉၀ အသီးသီးမှာငြိမ်နေပြီး ပခုက္ကူ စမှာ ဇန်နဝါရီလ ၁၃ ရက်မှာ ကန်ဒေါ်လာ ၆၉၀-၇၁၀ ရှိရာမှ ဇန်နဝါရီလ ၂၀ ရက်မှာ ကန်ဒေါ်လာ ၆၇၀-၆၉၀ ကို လျော့ကျခဲ့ပါတယ်။ MIRT - MAPT
Background