မန္တလေးပဲမျိုးစုံဈေးကွက်မှာပဲတီစိမ်းဟာ တစ်နှစ်ပတ်လုံးရဲ့ ရောင်းအားအရှိဆုံးသီးနှံအဖြစ် တွေ့ရှိရပါတယ်။ လတ်တလော ဈေးကွက်မှာလည်း သူ့အရည်အသွေးနဲ့သူ အရောင်းအဝယ်ဖြစ်နေပြီး တရုတ်ဈေးကွက်ကိုလည်း ပုံမှန်တင်ပို့မှုရှိနေခဲ့ပါတယ်။ တရုတ်ဈေးကွက်ကို ပဲတီစိမ်းကုန်ကြမ်းအတိုင်း အပြင်Value Added ကုန်များအဖြစ် အခွံချွတ်အလုံးများနဲ့ ခွဲခြမ်းများကိုပါ တင်ပို့မှုရှိနေလို့ ကုန်စည်ဒိုင်မှာ အရောင်းအဝယ်မဖြစ်တဲ့နေ့ မရှိဘူးလို့ ဆိုပါတယ်။ ပဲတီစိမ်းတစ်ပိဿာပေါက်ဈေးမှာ အရည်အသွေးအလိုက်အနိမ့်ဆုံး ၆၂၂ ကျပ်မှ ၉၂၄ ကျပ်ထိ၊ ပဲတီရွှေဝါ ၉၁၀ ကျပ်မှ ၉၄၀ ကျပ်ထိနဲ့ အရောင်းသွက် လျက် ရှိပါတယ်။ တရုတ်ဈေးကွက်တင်ပို့မှု အနေနဲ့ ၂၀၁၂ ဇန်နဝါရီ ပထမလဝက်မှာ ပဲတီစိမ်း တန်ချိန် ၂၂၀၀ ခန့် တင်ပို့မှုရှိခဲ့ပြီး၊ ၂၀၁၁ တစ်နှစ်ပတ်လုံးအနေနဲ့ ပဲတီစိမ်း တန်ချိန် ၁ ဒသမ ၃ သန်းတင်ပို့မှုရှိခဲ့ကြောင်း သိရှိရပါတယ်။ သက်သက်နိုင်
Background