Main menu

Background

ပဲခူးတိုင်းဒေသကြီးမှာ ပဲတီရွှေဝါစပေါ်ပါပြီ

Mon, 01/23/2012 - 08:27 -- Anonymous (not verified)

    ပဲခူးတိုင်းဒေသကြီးမှာ ဆောင်းသီးနှံပဲမျိုးစုံစိုက်ဧက ၁၇ ဒသမ ၃ သိန်းကျော် စိုက်ပျိုးတဲ့အနက် မတ်ပဲပြီးရင် ပဲတီစိမ်း စိုက်ဧက ၃ဒသမ ၈သိန်းနဲ့ ဒုတိယအများဆုံးစိုက်ပျိုးပါတယ်။ ပဲတီစိမ်းထဲက မျိုးကွဲတစ်မျိုးဖြစ်တဲ့ ပဲတီရွှေဝါကတော့ ဈေးကောင်း ပိုရလို့ စိုက်ပျိုးတောင်သူကြိုက်တဲ့ ပဲမျိုးဖြစ်ပေမဲ့ ရေမြေရာသီဥတု ပိုမိုကိုက်ညီတဲ့ ကဝ၊ သနပ်ပင်၊ ပဲခူး၊ ဝေါ၊ ဒိုက်ဦးမြို့နယ်များမှာ ပိုမိုဖြစ်ထွန်းပါတယ်။ ကဝမြို့နယ်ကတော့ ပဲတီရွှေဝါဦးစားပေး စိုက်တဲ့မြို့နယ်ဖြစ်ပြီး စိုက်ဧက ၁ ဒသမ ၂ သိန်းခန့်  စိုက်ပျိုးပါ တယ်။ ဒီနှစ်ကဝမြို့နယ်မှာ မိုးစပါးစိုက်ပျိုးစဉ်က ရေကြီးနစ်မြုပ် သုံးကြိမ်လောက်ဖြစ်ခဲ့ရာ လယ်ဧက ငါးထောင်လောက်က မိုးစပါးပြန်စိုက်ဖို့ ရာသီမမီနိုင်တော့တဲ့ အတွက် ပဲတီရွှေဝါကို အချိန်စောပြီး စိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ခါတိုင်းနှစ် ဇန်နဝါရီ နောက်ဆုံးပတ်မှာ ပဲတီရွှေဝါစပေါ်ခဲ့ပေမဲ့ ဒီနှစ်တော့ခုရက်ပိုင်းမှာပဲ ခေါင်ပဲများစခူးပြီး ဈေးကွက်ထဲဝင်လာပြီဖြစ်ပါ တယ်။ ပေါ်ခါစဖြစ်လို့ တစ်ရက်ကို တင်း ၅၀ လောက်ပဲ လာရောက်ရောင်းချလျက်ရှိရာ တစ်တင်းကို ကျပ် ၂၀၀၀၀ ဈေး ဖွင့်ပါတယ်။ မနှစ်ကပဲစပေါ်ချိန်တစ်တင်းကျပ် ၃၅၀၀၀မှ ၄၀၀၀၀ ဈေးထိရခဲ့ကြလို့ ဒီနှစ်စဖွင့်တဲ့ဈေးကို တောင်သူများ စိတ်ကြိုက် မဖြစ် ပေမဲ့ တောင်သူအများစုမှာ ငွေကြေးလိုအပ်ကြတဲ့အတွက် သီးနှံပေါ်ချိန်ပေါက်တဲ့ဈေးနဲ့သာ ရောင်းချကြရတာ ဖြစ်လို့ နောက် ရက် သီးနှံလှိုင်လှိုင်ပေါ်တဲ့အချိန် ဈေးနှုန်းကောင်းကောင်းရဖို့ မျှော်လင့်ရင်းနဲ့ ယခုနှစ်ရဲ့ ပဲခူးတိုင်းဒေသကြီး ပဲဈေးကွက်ထဲမှာ အရောင်း အဝယ်ပိုမိုများပြားလာတော့မှာဖြစ်ကြောင်း သိရပါတယ်။                                                                          TT