Main menu

Background

ကုလားပဲဖြူလုံးကြီး လက်ကျန်အနည်းငယ်သာ အရောင်းအဝယ်နဲ့ တင်ပို့မှုရှိ

Mon, 01/23/2012 - 08:28 -- Anonymous (not verified)

    ကုလားပဲဖြူလုံးကြီး လက်ကျန်အတော်နည်းလာပြီဖြစ်ပြီး ပဲအသစ်လည်း ထွက် ပေါ်လာခြင်းမရှိသေးလို့ လက်ကျန်အနည်းငယ်သာ အရောင်းအဝယ်နဲ့ တင်ပို့မှုရှိခဲ့ တာ တွေ့ရပါတယ်။ ပင်လယ်ရေကြောင်းက ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်အတွင်း တန် ၃၀၀ နီးပါးတင်ပို့ခဲ့ပြီး ရန်ကုန် FOB ဈေးကွက်မှာလည်း ဇန်နဝါရီလ ၁၃ မှ ၁၉ ရက်အတွင်း ကုလားပဲဖြူလုံးကြီး ၄၈ တန်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ပြောင်းလဲမှုမရှိဘဲ ဇန်နဝါရီလ ၂၀ ရက်မှာ လည်း ကုလားပဲဖြူလုံးကြီး   FAQ တစ်တန်ကန်ဒေါ်လာ ၇၆၀-၇၈၀ အသီးသီး ရှိကြောင်း သိရပါတယ်။  MIRT - MAPT