အိန္ဒိယဈေးကွက်ကို မဒ္ဒရာပရာဒေ့ရှ်၊ ကာနာတာကာနဲ့ မဟာရပ်ရှတရာ တို့မှ ပဲအထွက်ပိုမိုခြင်းနဲ့ လှောင်လက်များမှ ရောင်းချမှုတွေ ရှိလာတဲ့အတွက် ကုလားပဲဖြူလုံးကြီးရော၊ ရိုးရိုးကုလားပဲဈေးရော ကျဆင်းခဲ့ ပါတယ်။ ရန်ကုန် ကုလားပဲဖြူလုံးကြီး တစ်တန် ရူပီး ၄၀၀၀၀-၄၁၀၀၀ (ကန်ဒေါ်လာ ၇၉၈-၈၁၈) နဲ့ တည်ငြိမ်နိုင်ပေမဲ့ ပြည်တွင်းကုလားပဲဖြူလုံးကြီးမှာ ထပ်မံကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ရာဂျက်စသန်နဲ့ မဒ္ဒရာပရာဒေ့ရှ်တို့မှာ ရိတ်သိမ်းနေပြီဖြစ်လို့ ပဲအသစ်ဝင်ရောက်မှု တိုးတက်လာပါက ဈေးမြင့်တက်နိုင်ဖွယ်မရှိဘူးလို့ သုံးသပ်ကြ ပါတယ်။ ဈေးကွက်များအတွင်း ဖြစ်ပေါ်တဲ့ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါ တယ်။ ဒေါ်လာ/တန် ၁၉-၁-၂၀၁၂ ၁၈-၁-၂၀၁၂ ၁၇-၁-၂၀၁၂ ၁၆-၁-၂၀၁၂မွန်ဘိုင်း ၆၆၁ ၆၅၇-၆၈၂ ၆၄၇-၆၆၆ ၆၆၀-၆၆၅ဒေလီ ၆၄၁-၆၄၆ ၆၄၂-၆၄၇ ၆၂၇-၆၃၂ ၆၇၀-၆၇၄ကန်ပါ ၆၉၅ ၇၀၂ ၆၉၄ ၇၀၃ MIRT(MAPT)
Background