Main menu

Background

အိန္ဒိယမွန်ဘိုင်းမြို့မှာ ဖေဖော်ဝါရီလ ၁၅ - ၁၇ ရက်အတွင်း ကမ္ဘာ့ပဲမျိုးစုံ အစည်းအဝေးကို ကျင်းပမယ်

Mon, 01/23/2012 - 08:34 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့  Renaissanceဟိုတယ်ကွန်ဗင်းရှင်းစင်တာမှာ ဖေ ဖော်ဝါရီလ ၁၅-၁၇ ရက်အတွင်း ပဲမျိုးစုံထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုအတွက် ပထမ အကြိမ်အနေနဲ့ ကမ္ဘာ့ပဲမျိုးစုံအစည်းအဝေး (GPC) ကို ကျင်းပမယ်လို့ အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံအသင်း (IPGA)   မှ ကြေညာခဲ့ပါတယ်။ အာရှကို ကမ္ဘာ့ပဲမျိုးစုံဈေး ကွက်မှာ ပါဝင်လှုပ်ရှားသူတွေက အထူးအလေးထားနေကြပြီလို့ (IPGA)   ဥက္ကဌ Pravin  Dongre   က ဆိုပါတယ်။     အဲဒီအစည်းအဝေးမှာ ပဲမျိုးစုံကဏ္ဍမှာပါဝင်တဲ့ ထုတ်လုပ်သူများ၊ ကုန်သည် များ၊စားသုံးသူများ၊စက်ပစ္စည်းရောင်းချသူများ၊ မူဝါဒရေးဆွဲသူများ၊ ငွေကြေးပညာ ရှင် များ၊ လေ့လာဆန်းစစ်သူများနဲ့ အခြားဆက်စပ်သူများ၊ အတူတကွဆုံစည်းကာ ကမ္ဘာတစ်ဝန်း လုပ်ငန်းအသင်းကွန်ရက်များနဲ့ ၎င်းင်းတို့ရဲ့ လုပ်ငန်းများ အောင်မြင် စွာ ဆောင်ရွက်နိုင်ဖို့ စီစဉ်နိုင်လိမ့်မယ်လို့ ၎င်းကဆိုပါတယ်။ အဲဒီအစည်းအဝေးမှာ ဆွေးနွေးပွဲတစ်ခု၊ပြပွဲတစ်ခုနဲ့လုပ်ငန်းရှင်များတွေ့ဆုံခြင်းဆိုပြီး၊အပိုင်းသုံးပိုင်း ဆောင် ရွက်သွားမယ်လို့ သိရပါတယ်။    ဆွေးနွေးပွဲမှာ အိန္ဒိယနဲ့ ပြည်ပနိုင်ငံများမှ ကျွမ်းကျင်သူတွေက တင်ပြဆွေး နွေးမှာဖြစ်ပြီး၊ အဓိကအားဖြင့် ဈေးကွက်အလားအလာနဲ့ ဈေးနှုန်းအလားအလာ ကဏ္ဍများ ပါဝင်မှာဖြစ်ပါတယ်။ စားသုံးသူရေးရာဝန်ကြီးဌာန အတွင်းဝန်  Rajiv  Agarwal  က ပဲမျိုးစုံကဏ္ဍအတွက် အစိုးရရဲ့ မူဝါဒကို ဆွေးနွေးမှာဖြစ်ပြီး၊ Stat  Publishing မှ အယ်ဒီတာ၊ထုတ်ဝေသူဖြစ်တဲ့ Bria  Clancey   က ၂၀၁၂ အတွက် ကမ္ဘာ့ပဲမျိုးစုံဈေးကွက်နဲ့ ရောင်းချမှု အလားအလာကို ဆွေးနွေးမှာဖြစ်ပြီး၊ အဓိက အားဖြင့် ကျွမ်းကျင်သူများက ၂၀၁၂ ဈေးကွက်အလားအလာကို ဆွေးနွေးမယ်လို့ သိရပါတယ်။    စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကနေ ဝယ်သူရောင်းသူများ အလားတူ ဝန်ဆောင်ပေးသူတွေအတွက် အခွင့်အလမ်းကွန်ရက်များရရှိစေမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ အိန္ဒိယဆောင်းပဲရိတ်သိမ်းတဲ့ကာလ ဖြစ်လို့ အဲဒီ အစည်းအဝေးမှာ ကုန်သွယ်ရေးဆောင်ရွက်မှုတွေ များစွာဖြစ်လိမ့်မယ်လို့ မျှော်လင့် ကြပါတယ်။ တစ်ချိန်ထဲမှာ IPGA  ကလည်း အဲဒီအခမ်းအနားမှာ ကြေညာနိုင်ဖို့ သီးနှံစစ်တမ်းကောက်ယူမှုကိုလည်း စီစဉ် နေပါတယ်။    ပြည်ပမှတက်ရောက်သူ၁၅၀ကျော်နဲ့ စုစုပေါင်း ၄၅၀-၅၀၀ ခန့် တက်ရောက် လိမ့်မယ်လို့ ခန့်မှန်းထား ပါတယ်။ လက်ရှိအချိန်ထိ တက်ရောက်သူ ၂၅၀ ဦးမှ စာရင်းသွင်းထားပြီးတဲ့အနက် ၇၅ ဦးမှာ ပြည်ပကလို့ ဆိုပါတယ်။ တက်ရောက် မယ့် ပြည်ပနိုင်ငံတွေကတော့ ကနေဒါ၊ အမေရိကား၊ တရုတ်၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက၊ စင်္ကာပူ၊ သြစတြေးလျ၊ အိန္ဒိယနဲ့ တောင်အာရှ အိမ်နီးချင်းနိုင်ငံ တွေ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိလိုပါက info@ipga.com  မှာ ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။                     ယမင်းခင်