Main menu

Background

ပြည်ချင်းအဝင်များလို့ ဈေးအနည်းငယ်ကျ

Mon, 01/23/2012 - 08:40 -- Anonymous (not verified)

    ယခုတစ်ပတ် ပြည်ချင်းဈေးမှာ ယခင်အပတ်ဈေးထက် အနည်းငယ်ကျပြီး၊ ယခင်တစ်ပတ်ကအောင်ပန်း ချင်းများ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်အဝင်ရှိပြီး၊ ယခုအပတ်မှာတော့ ၂၅၀ အိတ်ခန့် ထိ ဆက်လက် အဝင်များနေ ပါတယ်။ ပြည် ဈေးကွက်အတွင်း တစ်နေ့ပိဿာချိန် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ ရခိုင်ဘက် သို့လည်း ပြည်ဈေးကွက်မှတစ်ဆင့် တစ်ရက်ပိဿာချိန် ၂၅၀ ခန့် စားသုံးမှုအဖြစ် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ တစ်ပိဿာကိုချင်း (ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်၊ ချင်းဓါးလှီး ၇၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိနေပါတယ်။ဝင်းဝင်းခိုင်