Main menu

Background

ကြိုက်ဈေးရမှဖော်မှာဖြစ်လို့ ဈေးကွက်ကို ချင်းအဝင်နည်းနေ

Mon, 01/23/2012 - 08:41 -- Anonymous (not verified)

    ကလောမြို့နယ် နန်းတိုင်း၊ တီကျစ်နဲ့ ပင်းတယမြို့နယ်တွေကထွက်တဲ့ ချင်းတွေ ဟာ အောင်ပန်းဈေးကွက်ကို ပုံမှန်အဝင်ရှိနေပါတယ်။ ဈေးပတ်သမားတွေ ပြန်ဝယ် နေတာကြောင့် ပုံမှန်ပြန်ရောင်းထွက်နေပါတယ်။ ချင်းခြောက်ကတော့ ချင်းဈေးပေါ် မူတည်ပြီး ဝယ်ပြုတ်ရတာကြောင့် ဈေးကွက်ကိုသိပ်မဝင်လာသေးပါဘူး။ ပြုတ်ခြောက်အနည်းငယ်သာဝင်နေပြီး၊ အရောင်းအဝယ်လည်းအေးနေတယ်လို့ သိရပါတယ်။ ယခုလောလောဆယ် ချင်းပေါက်ဈေးကတော့ ချင်းစိုတစ်ပိဿာ ၂၅၀ ကျပ်မှ ၃၅၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်ဈေးရှိပါတယ်။     ဟိုပုံးဈေးကွက်မှာတော့ နမ့်ခုတ်ချင်းတွေသာ အဝင်ရှိနေပါတယ်။ တောင်သူ တွေကလည်း ကြိုက်ဈေး မရတာကြောင့် များများမဖော်ကြသေးလို့ အဝင်ကလည်း ပုံမှန်လောက်သာရှိနေပါတယ်။ ဟိုပုံးချင်းက တစ်ပိဿာ ၂၆၀ ကျပ်၊ ၂၇၀ ကျပ်ဈေး ရှိတယ်လို့သိရပါတယ်။                                            ဧဧခိုင်