ရှမ်းနနွင်းကတော့ အမှုန့်ကြိတ်ဖို့အတွက်သာ ရောင်း နေရ တယ်လို့သိရပါတယ်။ နနွင်းသစ်တွေပေါ်နေပေမဲ့ ဈေးကွက်မရှိ တာကြောင့် အများအပြားအရောင်းအဝယ် မဖြစ်ပါဘူး။ တောင်သူတွေကရောင်းချင်ပေမဲ့ ဈေးက မရှိ တော့ ထုတ်မရောင်းဖြစ်ကြလို့အရောင်းအဝယ်က အေးစက် စက် ဖြစ်နေပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ရိုးရိုးနနွင်း ခြောက်တွေက တစ်ပိဿာ ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ဈေးရှိပြီး၊ ဆင် တောင်နနွင်းက တစ်ပိဿာ ၁၅၀၀ ကျပ် ဈေးရှိပါတယ်။ နမ့်စန်အနီးတစ်ဝိုက်ရှိရွာတွေကထွက်တဲ့ နနွင်းတွေ လည်းဈေးကွက်ကို အနည်းငယ်ဝင်လာနေပါပြီ။ နနွင်းဈေး ကတော့ အဟောင်းတစ်ပိဿာကို ၁၀၀၀ ကျပ်အောက်ဈေး သာရှိပါတယ်။ တန်ခူးလလောက်မှသာ များများ ထွက်လာမှာ ဖြစ်ပြီး အခုအချိန်မှာလည်း နနွင်းတွေကို အခြောက်မပြု လုပ် ကြသေးဘူးလို့လည်းသိရပါတယ်။ ဧဧခိုင်
Background