Main menu

Background

တရုတ်ပြည်မကြီးက ဟောင်ကောင်မှ ရွှေကို ကီလိုအတော်များများ နိုဝင်ဘာလအတွင်း ဝယ်ယူတင်သွင်းခဲ့

Mon, 01/23/2012 - 08:59 -- Anonymous (not verified)

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တရုတ်ပြည်မကြီးက ဟောင်ကောင်မှ ရွှေကီလိုဂရမ်များစွာ ဝယ်ယူတင်သွင်းခဲ့ကြောင်း သိရတယ်။ နိုဝင်ဘာလ အတွင်း ရွှေ ၁၀၂၇၇၉ ကီလိုဂရမ် တင်သွင်းခဲ့ရာ အောက်တိုဘာလအတွင်းက တင်သွင်းမှုပမာဏ ၈၆၂၉၉ ကီလိုဂရမ်ထက် များစွာပိုမိုခဲ့တယ်လို့ ဟောင်ကောင်အစိုးရရဲ့ သန်းခေါင်စာရင်းနဲ့ စာရင်းအင်းဌာနက ထုတ်ပြန်ခဲ့တယ်။တရုတ်နိုင်ငံမှ ဒီလိုဝယ်ယူမှုမြင့်မားခဲ့ခြင်းမှာ ၂၀၁၂ ခုနှစ် ၊ ဇန်နဝါရီလမှာ ကျရောက်မယ့် နှစ်သစ်ကူးကာလအတွက် ကြိုတင်ဝယ်ယူစုဆောင်းခြင်း ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူတွေကလည်း ငွေကြေးဈေးကွက် မတည်ငြိမ်မှုတွေကြောင့် ဆုံးရှုံးမှုတွေကိုကာကွယ်ဖို့ ရွှေကိုဝယ်ယူမှုမြင့်မားကြောင်း သိရတယ်။ ဒါ့အပြင် ၎င်းကာလမှာ ဟောင်ကောင်က တရုတ်မှ ရွှေဝယ်ယူတင်သွင်းသူတွေကို  discount  တွေပေးခဲ့ရာ ဝယ်ယူသူတွေအနေနဲ့ အကျိုးအမြတ်များ ခဲ့ကြတယ်။တရုတ်နိုင်ငံသားတွေအနေနဲ့ ဝင်ငွေမြင့်မားလာခြင်းကလည်း ရွှေဝယ်လိုအားမြင့်မားစေ ရာ ၂၀၁၁ ခုနှစ်၊ တတိယသုံးလပတ်အတွင်း တရုတ်နိုင်ငံက အိန္ဒိယနေရာကိုရယူကာ ကမ္ဘာ့အကြီးမားဆုံး လက်ဝတ်ရတနာ ဈေးကွက်ကြီးဖြစ်လာခဲ့တယ်။ တရုတ်နိုင်ငံသားများသာ ရွှေဝယ်လိုအားမြင့်မား လာတာ မဟုတ်ဘဲ တရုတ်အစိုးရကလည်း ရွှေဝယ်ယူသိုလှောင်ထားမှု မြှင့်တင်ခဲ့တယ်။ ၂၀၀၉ ခုနှစ်  ဇွန် ၃၀ ရက်က တရုတ်ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ တရုတ်ဗဟိုဘဏ်မှာ ရွှေတန်ချိန် ၁၀၅၄ တန် (အောင်စပေါင်း ၃၃ ဒသမ ၈၉ သန်း) ရှိတယ်လို့ သိရတယ်။ ကမ္ဘာ့ရွှေကောင်စီရဲ့ စာရင်းအင်းတွေအရ တရုတ်နိုင်ငံက ကမ္ဘာတွင် ပဉ္စမမြောက်ရွှေလှောင်ထားမှု အများဆုံးနိုင်ငံဖြစ်တယ်လို့ သိရတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက ကမ္ဘာမှာ ရွှေထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်တယ်လို့ ကမ္ဘာ့ရွှေကောင်စီက ထုတ်ပြန်ထားတယ်။ Source: chinadaily.com.cn,  ပပ