Main menu

Background

ဒေါ်လာဈေး မြင့်တက်မှုနှင့်အတူ ပန်းပန်နေဆဲ အက်ဖ်အီးစီ

Mon, 01/23/2012 - 09:12 -- Anonymous (not verified)

    ယခုတစ်ပတ်တွင် ယူရိုငွေဈေးများ  ကျဆင်းလာခဲ့ပြီး  အမေရိကန်ဒေါ်လာ ဈေးမှာ မြင့်တက်လာခဲ့သကဲ့သို့ အက်ဖ်အီးစီ ဈေးနှုန်းမှာလည်း မြင့်တက်လာခဲ့ သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက အမေရိကန်တစ်ဒေါ်လာလျှင် စင်တာ လဲလှယ်နှုန်းမှာ ၈၂၅ ကျပ်ဖြင့် ဈေးပိတ်ခဲ့သော်လည်း ယခုတစ်ပတ် ဈေးပြန်ဖွင့် ချိန်တွင် ၈၃၀ ကျပ်ရှိလာခဲ့ပြီး ဈေးပိတ်ချိန်တွင် ၈၃၅ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည် ကိုတွေ့ရသည်။ ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေးနှင့် အက်ဖ်အီးစီ လဲလှယ်နှုန်း မှာ ယခင်အပတ်ကအတိုင်း အက်ဖ်အီးစီဈေးနှုန်းက ပိုမိုမြင့်တက်ခဲ့သည်။ ကား အရောင်းပြပွဲဖွင့်လှစ်ခဲ့မှုနှင့်အတူ ကားဟောင်းအပ်နှံသူများက ကားများကို ဝယ်ယူမှု ပမာဏများပြားလာပြီး လိုင်စင်ကြေးပေးသွင်းရန် အက်ဖ်အီးစီကို အဓိကထားပြီး ဝယ်ယူနေကြခြင်းကြောင့် အခုလို အက်ဖ်အီးစီဈေးနှုန်းမှာ မြင့်တက်နေရခြင်း ဖြစ်ကြောင်း ပြင်ပဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ဒေါ်လာများကိုလည်း ပြင်ပဈေးကွက်တွင် လိုက်လံဝယ်ယူမှုပမာဏမှာ ယခင် အပတ်ကထက် မြင့်တက်ခဲ့သည့်အတွက် ယခုကဲ့သို့ ဒေါ်လာဈေးများ မြင့်တက်လာ ရခြင်းဖြစ်ကြောင်း သိရသည်။"အခုဒီတစ်ပတ်ဆိုရင် ကျွန်တော်တို့ဆီမှာ နေ့တိုင်းလိုလို အဝယ်လိုက်နေတာ။ ဖားကန့်လမ်း ပြန်ဖွင့်လိုက်တာလည်း ပါမယ်။ နောက်ပြီး အရင်ရက်တွေတုန်းက စင်ကာပူက ငွေလိမ်သွားတဲ့ကိစ္စနှစ်ခုဖြစ်ခဲ့တာ။ အဲဒီကိစ္စကြောင့် ပေးရမယ့်သူတွေ က သူတို့သိက္ခာအကျမခံချင်တော့ အပြင်ကနေဝယ်ပြီး  ရှင်းကြတာ။ အဓိက ဒေါ်လာဈေးတက်တာက အဲဒါကြောင့်ပဲ။ နောက်ပြီး အက်ဖ်အီးစီကတော့ သိတဲ့ အတိုင်း ကားလိုင်စင်ဝင်ဖို့ ကညနမှာ အက်ဖ်အီးစီနဲ့သွင်းရတဲ့အတွက် အခုလိုဈေး တက်ရတာပါ"လို့ ပြင်ပဒေါ်လာရောင်းဝယ်သူတစ်ဦးထံမှ သိရှိရသည်။ပြင်ပဈေးကွက်တွင် အက်ဖ်အီးစီ  တစ်ယူနစ်လျှင် ဇန်နဝါရီ ၁၆ ရက်က ရောင်းဈေး ၈၃၂ကျပ်ရှိခဲ့ရာ ဇန်နဝါရီ ၁၉ရက်တွင် ရောင်းဈေး ၈၃၈ ကျပ်အထိ မြင့်တက်လာခဲ့သည်။ ထို့နောက်ဇန်နဝါရီလ ၂၀ ရက်နေ့ဈေးပိတ်ချိန်တွင် တစ်ယူနစ် လျှင် ၈၃၇ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။အမေရိကန်ဒေါ်လာနှင့် အက်ဖ်အီးစီဈေးနှုန်းများ တက်လာခဲ့သော်လည်း ယူရိုငွေလဲလှယ်နှုန်းမှာ ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။ ယူရိုငွေဈေးနှုန်းမှာ ဇန်နဝါရီ ၂၀ရက်တွင် ရောင်းဈေး ၁၀၁၅ ကျပ်သာရှိသည်ကိုတွေ့ရသည်။ယူရိုငွေဈေးများ ကျဆင်းလာမှုကြောင့် ပို့ကုန်ဝင်ငွေဒေါ်လာ ဈေးနှုန်းများမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာခဲ့သည်။ ပို့ကုန်ဝင်ငွေဒေါ်လာဈေးနှုန်းသည် ဇန်နဝါရီလ ၁၆ ရက်က ၈၅၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ဇန်နဝါရီလ ၂၀ရက်ဈေး ပိတ်ချိန်တွင် ၈၅၄ကျပ်သာရှိခဲ့သည်ကို တွေ့ရသည်။      MTD,KM2O