Main menu

Background

ကန်ဒေါ်လာတန်ဖိုး မြင့်မားသော်လည်း ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းမသွားပဲ အမြင့်ဘက်သို့သာ ဦးတည်နေ

Mon, 01/23/2012 - 09:13 -- Anonymous (not verified)

        ၂၀၁၁ ခုနှစ်  ဒီဇင်ဘာ ၁၅ ရက်မှ စပြီး တစ်အောင်စကို ၁၆၀၀ ဒေါ်လာအောက် ကျဆင်းသွား ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းတွေက ၂၀၁၂ ခုနှစ်  ဇန်နဝါရီ ၅ ရက်မှာ တစ်အောင် စကို ၁၆၀၀ ဒေါ်လာအထက်  ပြန် လည်ရောက်ရှိလာခဲ့ပြီး  တဖြည်းဖြည်း ပြန်လည်ဦးမော့လာခဲ့တယ်။ ဇန်နဝါရီ ၁၇ ရက်က နယူးယောက်ဈေးကွက်မှာ ရွှေတစ်အောင်စကို ၁၆၅၈ ဒသမ ၈၀ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်။ အမေရိကန်အခြေစိုက်ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းတွေ   ပေးနေတဲ့  Standard & Poor’s ကုမ္ပဏီက ပြင်သစ်အပါအဝင်  အီးယူဒေသတွင်း နိုင်ငံအချို့ရဲ့ ကြွေးမြီပြန်ဆပ်နိုင်စွမ်း အဆင့်ကို ဇန်နဝါရီ ၁၃ ရက်က လျှော့ ချသတ်မှတ်လိုက်ပြီးနောက်ပိုင်း ယူရို ငွေတန်ဖိုးကျဆင်းကာ   ကန်ဒေါ်လာ တန်ဖိုးမြင့်မားလာခဲ့တယ်။ကန်ဒေါ်လာ တန်ဖိုး မြင့်မားလာသော်လည်း ကမ္ဘာ့ ရွှေဈေးနှုန်းကကျဆင်းမသွားဘဲ အမြင့် ဘက်ကိုသာ ဦးတည်နေတဲ့အကြောင်း အရင်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေအနေ နဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့  ဘဏ္ဍာရေး စနစ်အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေပြီး ရွှေကိုသာ ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံး ပစ္စည်းအဖြစ် ဝယ်လိုအားရှိနေကြခြင်း၊ ကမ္ဘာ့နိုင်ငံများ  (အထူးသဖြင့် အာရှမှ) ရွှေဝယ်လိုအား  မြင့်မားခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရတယ်။ Source:reuters.com, mineweb.com ၊ ပပ