Main menu

Background

နယ်စပ်မှ ဘိလပ်မြေအသွင်း

Mon, 01/23/2012 - 10:18 -- Anonymous (not verified)

ဒီတစ်ပတ်မောင်းတိန်းနဲ့ စိန်တံဆိပ်တင်သွင်း    ပြည်တွင်းဈေးကွက်ကို ပင်လယ်ရေကြောင်းလမ်းမှ ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၆၂၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်သုံးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေက ထိုင်းနိုင်ငံမှ စိန်တံဆိပ်နဲ့ မောင်းတိန်းတံဆိပ်ဘိလပ်မြေဖြစ်ပါ တယ်။ စိန်တံဆိပ်ဘိလပ်မြေက တန်ချိန် ၇၄၀၀၊ မောင်းတိန်းတံဆိပ်ဘိလပ်မြေက တန်ချိန် ၅၇၀၀ နဲ့ အခြားတံဆိပ်က တန်ချိန် ၃၁၀၀ တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် နှစ်ထောင့်ကိုးရာရှိခဲ့တာကြောင့် ဒီတစ်ပတ် ဘိလပ်မြေအဝင်တန်ချိန်နဲ့ ယှဉ်ရင် ငါးဆကျော်လောက်ပိုမိုတင်သွင်း ဖြန့်ဖြူးနိုင်ခဲ့တာ တွေ့ရပါတယ်။                        MIRT(DOT)နယ်စပ်မှ ဘိလပ်မြေအသွင်းဇန်နဝါရီ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း တာချီလိတ်၊ မြိတ်၊ မောင် တောနယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ကန်ဒေါ်လာ သုည ဒသမ ၂၅၁ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၂၉၀ သန်း တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင် သွင်းမှုများမှာ တာချီလိတ်မှ ၉၇၅ တန်ကျော်၊ မြိတ်မှ ၂၁၇ တန်ကျော်၊ မောင်တောမှ ၁၃၈ တန်နဲ့ ကန်ပိုက်တီးမှ ၉၅၈ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ တာချီလိတ်မှ တင်သွင်းမှု သိသိသာသာ လျော့နည်းခဲ့တဲ့အပြင် ယခုအပတ်မှာ မြဝတီနယ်စပ်မှ ယခုအပတ်တင်သွင်းမှု မရှိခဲ့ဘူးလို့ သိရပါတယ်။              MIRT(DOBT)အရောင်းသွက်လာတဲ့ ဘိလပ်မြေမန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းသွက်တယ်လို့ သိရပါတယ်။ ရောင်းအားကောင်းပေမဲ့ ဈေးကတော့ ငြိမ်နေတယ်လို့ပြောပါတယ်။ ဒီတစ်ပတ် ဈေးကွက်အတွင်းဖြစ်ပေါ်နေတဲ့ ဈေးက အေသုံးလုံးတစ်အိတ်ကို  ၅၃၀၀ ကျပ်၊ မြန်မာဆင်တစ်အိတ်ကို ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) က ယခင် ၆၀၀၀ ကျပ်၊ စိန်(ထိုင်း) က ၆၁၀၀ ကျပ်၊ ဆင်မင်းတစ်အိတ်ကို ၄၅၀၀ ကျပ်၊ ကျားခေါင်းက တစ်အိတ်ကို ကျပ် ၅၃၀၀ နဲ့ မြင်းခေါင်းက ၄၃၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းသွက်တယ်လို့ သိရပါ တယ်။ အရောင်းသွက်ပေမဲ့ ဈေးကအတက်မရှိပါဘူး။ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ဆင်တံဆိပ် (ထိုင်း) ဘိလပ်မြေက ၄၉၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး) က ၃၆၅၀ ကျပ်ရှိတယ်လို့သိရပါတယ်။ မြင်းခေါင်းတံဆိပ်နဲ့ စိန်(ထိုင်း)က ပစ္စည်းပြတ်နေတယ်လိ့ု သိရပါတယ်။တောင်ကြီးဈေးကွက်တွင် ဘိလပ်မြေရောင်းအား ကောင်းလာတယ်လို့ သိရပါတယ်။ ရောင်းအား ကောင်းလာပေမဲ့လည်း ဘိလပ်မြေဈေးတွေကတော့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်တဲ့ဈေးအတိုင်း ပြောင်းလဲမှုမရှိဘဲ ဈေးကွက် အတွင်းရှိနေပါတယ်။ စိန်(ယိုးဒယား)က ၆၉၀၀ ကျပ်၊ ခြင်္သေ့က တစ်အိတ်ကို ၅၉၀၀ ကျပ်၊ မြို့တော်က တစ်အိတ်ကို ၄၄၀၀ကျပ်နဲ့ နဂါးကလည်း ၅၄၀၀ ကျပ်ဈေး အတိုင်းရှိတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းသွက်တယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာတော့  ဆင်(ထိုင်း) နဲ့ မြင်းခေါင်းတံဆိပ်ဘိလပ် မြေတွေကို အသုံးများတယ်လို့ ပြောပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ် နေတဲ့ဈေးတွေက ဆင်(ထိုင်း)က ၅၈၀၀ ကျပ်နဲ့ မြင်းခေါင်းက ၄၂၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဘိလပ်မြေ အရောင်းသွက်တယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲမှာ မောင်းတိန်းတံဆိပ်နဲ့ ကျောက်ဆူးတံဆိပ် တွေက ပစ္စည်းပြတ်နေတယ်လို့ ဆိုပါတယ်။ အရောင်းသွက်ပေမဲ့ ဈေးကတော့ ငြိမ်နေဆဲပါ။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ဆင် (ယိုးဒယား) ၄၈၀၀ ကျပ်နဲ့ စိန်က ၄၇၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                                                                 MIRT(DOT)