Main menu

Background

ပြည်တွင်းနို့ဆီ လက်လီဈေးများ

Mon, 01/23/2012 - 10:21 -- Anonymous (not verified)

နို့ဆီတစ်မျိုးသာ အဝင်ရှိခဲ့    ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း နို့ဆီ ၁၃၄ ဒသမ ၁၉ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ  ငါးသိန်းသုံးသောင်းကျော်ဖိုး ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းနို့ဆီက ၁၁၄ ဒသမ ၁၉ တန်နဲ့ အခြားတံဆိပ်က တန် ၂၀ တင်သွင်းခဲ့ ပါတယ်။ ယခင်  နှစ်ပတ်ဆက်တိုက် အဝင်ပျောက်ခဲ့တဲ့ နို့ဆီက ဒီတစ်ပတ်မှ ပြန်လည်တင်သွင်းခြင်း   ဖြစ်ပါတယ်။ယခင်တစ်ပတ်အဝင်မရှိခဲ့တဲ့ နို့စိမ်းက ဒီတစ်ပတ်မှာလည်း   အဝင်နားခဲ့ပါ တယ်။ နို့မှုန့်က သြစတြေးလျမှ ၁ ဒသမ ၅၆ တန်နဲ့ နယူးဇီလန်နိုင်ငံမှ ၅၇ ဒသမ ၂၀ တန် တင်သွင်းခဲ့ပါတယ်။  ယခင်သီ တင်းပတ် ခြောက်ဆယ့်တစ်တန်ကျော် တင်သွင်းခဲ့ပေမဲ့ ဒီတစ်ပတ်မှာ ၃ တန် လောက်လျော့နည်းပြီး တင်သွင်းနိုင်တာ တွေ့ရပါတယ်။       MIRT (DOT)နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းစုံလင်မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၇၅၉ သန်းတန်ဖိုးရှိ နို့ဆီ ၅၃ တန်ကျော် (၂၈၁၂ တာ)  နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၄၃ သန်းတန်ဖိုးရှိ  နို့စိမ်း ၄၅ တန်ကျော် (၂၄၀၀ တာ) အသွင်းရှိခဲ့ပါ တယ်။ ယခင်အပတ်ကထက် နို့စိမ်းတင် သွင်းမှု တာ ၃၀၀ လျော့နည်းခဲ့သော် လည်း နို့ဆီတင်သွင်းမှု မှာ တာ ၂၂၀၀ ကျော်အသွင်းပိုခဲ့ပါတယ်။ နို့ဆီတစ်တာ ကို ကော့သောင်းပေါက်ဈေး ၂၆၈၀၀ ကျပ်၊ တစ်ဖက်နိုင်ငံ ပေါက်ဈေး ဘတ် ၆၂၀၊ နို့စိမ်း ၁ တာ ၂၇၈၄၀ ကျပ်၊ တစ်ဖက်နိုင်ငံ ပေါက်ဈေး ၆၄၀ ဘတ် ဈေးပေါက်လျက်ရှိပါတယ်။မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃၉၈၆၀ ကျော်တန်ဖိုးရှိ နို့မှုန့် ၁၄ တန် ယခုအပတ်မှာ အသွင်း ရှိခဲ့ပါတယ်။       MIRT (DOBT)ပြည်တွင်းနို့ဆီ လက်လီဈေးများနို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး  လက်လီ ဈေးတွေကတော့    အောက်ပါအတိုင်း ဖြစ်ပါတယ်-    နို့ဆီလက်လီဈေး               ကျပ်/တစ်ဘူး                         ရန်ကုန်     မန္တလေး       ဒွန်း (နို့ဆီ)       ၆၇၀       ၇၀၀               ဒွန်း (နို့စိမ်း)      ၆၄၀      ၆၅၀       ဝမ်းတီးနို့ဆီ       ၇၀၀      ၇၀၀       အိုကေ(နို့ဆီ)      ၆၅၀     ၆၇၅       အိုကေ(နို့စိမ်း)    ၆၅၀      ၆၇၅MIRT (DOT)