Main menu

Background

ဂျပန်နဲ့ ကိုရီးယားကို ပုံမှန်တင်ပို့မှုရှိတဲ့နှမ်း

Mon, 01/23/2012 - 10:37 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက နှမ်းရောင်စုံများ ဂျပန်နဲ့ ကိုရီးယားကို ပုံမှန်တင်ပို့မှု ရှိနေပါတယ်။ယခင်တစ်ပတ်ကနှမ်းစုစုပေါင်း တန်ချိန်၇၅၀ ခန့် တင်ပို့မှုရှိခဲ့ပြီး ယခု တစ်ပတ် (ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်) အတွင်းမှာတော့ တန်ချိန် ၈၀၀ နီးပါး တင်ပို့ခဲ့ပါတယ်။ အများစုကတော့ ဂျပန်နဲ့ ကိုရီးယားကိုဖြစ်ပြီး တရုတ်နိုင်ငံကိုလည်း အနည်းငယ် တင်ပို့ခဲ့ကြောင်း သိရပါတယ်။    ယခုဘဏ္ဍာနှစ် ဇန်နဝါရီလ ၁၃ ရက်အထိ နှမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၉၉၀၀၀ နီးပါးရှိပြီး ဝင်ငွေအားဖြင့်ကန်ဒေါ်လာ ၁၄၀ သန်းကျော် ရရှိပြီး ဖြစ်လို့ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးတင်ပို့ခဲ့တဲ့ တန်ချိန် ၈၀၀၀၀ နီးပါးကန်ဒေါ်လာ ၁၁၄ သန်းကျော်ထက် တင်ပို့တဲ့ပမာဏရော ဝင်ငွေပါ ပိုမိုနေပြီဖြစ် ကြောင်း သိရပါတယ်။ ရန်ကုန် FOB  ဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေကြောင်း သိရပါ တယ်။ MIRT - MAPT