Main menu

Background

မန်းနှမ်းဖြူဈေးကွက် သွက်လက်

Mon, 01/23/2012 - 10:50 -- Anonymous (not verified)

    မန္တလေးမြို့ရဲ့ ပွဲစားကုန်သည်စက်ပိုင်များနဲ့ ကထိန်တော်အသင်းကြီးရဲ့ အရောင်းအဝယ်ဖြစ်မှုမှာ ဒီလအတွင်း နှမ်းဖြူဈေးအသင့်အတင့်ရှိခဲ့တာကြောင့် ရောင်းဝယ်တဲ့ ပွဲစားကုန်သည်လှောင်လက်နဲ့ ဝယ်လိုတဲ့ ကုန်သည်များရဲ့ လက်မှာ ရောင်းဝယ်မှုအသင့်အတင့် ဖြစ်ခဲ့တာကို တွေ့ရပါတယ်။    ယခုရက်ပိုင်း မန်းမြို့ရဲ့ နှမ်းဖြူဈေးကွက်မှာ သုံးတင်းတစ်အိတ်ကို ၆၄၀၀၀ ကျပ်မှ ၆၈၀၀၀ ကျပ်ထိရောင်းဈေးကောင်းခဲ့ပြီး၊ နှမ်းဖြူတစ်ပိဿာ ၁၄၂၂ ကျပ်မှ ၁၅၀၀ ကျပ်ထိ နှမ်းသန့်ရင်သန့်သလို အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ယခုပတ်တွင် နှမ်းဖြူဈေးအနည်းငယ်ကျသလို ရှိခဲ့ပေမယ့် သင့်တင့်တဲ့ဈေးနဲ့ရောင်းဝယ်မှုမှာ သွက် သွက်လက်လက် ရှိခဲ့ကြောင်း သိရှိရပါတယ်။                         လွင်အေး