Main menu

Background

တောင်အမေရိကား ရာသီဥတုအခြေအနေအရ စားအုန်းဆီကြမ်းဈေး ပြန်လည်မြင့်တက်လာ

Mon, 01/23/2012 - 10:52 -- Anonymous (not verified)

    ဥရောပဇုန် ကြွေးမြီအကျပ်အတည်းအပေါ် စိုးရိမ်နေရမှုကြာရှည်နေခြင်းကို ရင်းနှီးမြုပ်နှံသူတွေ ဂရုစိုက်မှုလျှော့လာတဲ့အပြင် တောင်အမေရိကားမှာရှိတဲ့ အဓိက ပဲပုပ်ထုတ်လုပ်တဲ့နိုင်ငံတွေမှာ ရာသီဥတုဆိုးဝါး လာတဲ့အပေါ် အလေးထား စောင့် ကြည့်လာကြတာကြောင့် ဇန်နဝါရီလ ၁၈ ရက်မှာ မလေးရှားစားအုန်းဆီ ကြိုပွိုင့် ဈေး မြင့်တက်လာခဲ့ပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဧပြီလစာချုပ် အခြေခံ ဈေးဟာ သုည ဒသမ ၅ ရာခိုင်နှုန်းပိုမိုလာပြီး တစ်တန်ရင်းဂစ် ၃၁၈၀ (ကန်ဒေါ်လာ ၁၀၂၄) ဈေးဖြစ်ခဲ့ပါတယ်။     ရင်းနှီးမြှုပ်နှံသူများဟာ နှစ်သစ်ကူးပိတ်ရက်နီးကပ်လာတဲ့ အခြေအနေအရ အရောင်းအဝယ်ဈေးက တက်လိုက်ကျလိုက်ဖြစ်နိုင်တယ်လို့ ကွာလမ်လာပူအခြေ စိုက် ကုန်သည်တစ်ဦးကဆိုပါတယ်။ တောင်အမေရိကားမှာ မိုးခေါင်ခြောက်သွေ့မှု တာရှည်လာတာကြောင့် ပဲပုပ်သီးနှံအထွက်လျှော့နိုင်ခြင်းနဲ့ပတ်သက်လို့ ချီကာကိုမှာ ပဲပုပ်ဆီဆက်လက်မြင့်တက်ဖွယ်ရှိပါတယ်။    ၂၀၁၂ မှာ တောင်အမေရိကား ပဲပုပ်ထုတ်လုပ်မှုနဲ့တင်ပို့မှု လျော့ကျဖွယ်ရှိခြင်းနဲ့ အတူ ပဲပုပ်ဆီနဲ့ စားအုန်ဆီကြမ်းဈေးဟာ ခိုင်မာဖွယ်ရှိတယ်လို့ Citigroup  မှ ခန့်မှန်းထားပါတယ်။ ဟမ်းဘတ်အခြေစိုက် ဆီထွက် သီးနှံလေ့လာဆန်းစစ်တဲ့ Oil World မှလည်း ကမ္ဘာ့နံပါတ် ၂ နဲ့ ၃ ပဲပုပ်ထုတ်လုပ်သူများဖြစ်တဲ့ ဘရာဇီးနဲ့ အာဂျင် တီးနားတို့မှာ ပဲပုပ်ထွက်ရှိမှုက တန်ချိန် ၃ ဒသမ ၈ သန်းခန့် ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။    ဒါ့အပြင် မလေးရှားနိုင်ငံ စားအုန်းဆီစိုက်ပျိုးတဲ့ Johor ပြည်နယ်မှာ ရာသီဥတု စိုစွတ်ပြီး မိုးသည်းထန်မယ်လို့ မလေးရှားမိုးလေဝသဌာနက ဇန်နဝါရီလ ၁၈ ရက်မှာ ခန့်မှန်းခြင်းကလည်း ဈေးနှုန်းကိုအထောက်အပံ့ပြုစေပါတယ်။ ယင်းဒေသမြေနိမ့် ပိုင်းတွေမှာ ရေနစ်မြုပ်မှုဖြစ်နိုင်တယ်လို့လည်းသိရပါတယ်။ Johor ပြည်နယ်က စားအုန်းဆီထုတ်လုပ်မှုဟာ နိုင်ငံစုစုပေါင်းထုတ်လုပ်မှုရဲ့ ၁၆ ရာခိုင်နှုန်းရှိတယ်လို့ မလေးရှား စားအုန်းဆီ ဘုတ်အဖွဲ့ကဆိုပါတယ်။            လက်ငင်းဈေးကွက်မှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီလပို့ရမယ့် သန့်စင်ပြီးစားအုန်းဆီ ၤဥြ ဈေးဟာ တစ်တန် ကန်ဒေါ်လာ ၁၀၆၅ နဲ့ ကမ်းလှမ်းတယ်လို့သိရပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းလက်ငင်းဈေး ကတော့ ယခင်ရက်အတိုင်း ပြောင်းလဲမှုမရှိဘဲ တစ်တန်ရင်းဂစ် ၃၁၉၀ (ကန်ဒေါ်လာ ၁၀၂၇) ရှိတယ်လို့သိရပါ တယ်။ ယုဇန ၊ Source: palmoilhq.com