မတ်ပဲ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ တန် ၄၆၄၀၀၀ ၄၆၈၀၀၀ ၂ မုံရွာ ၁ ပိဿာ ၇၁၀ ၆၈၅ ၃ ပြည် ၁ ပိဿာ ၆၈၅ ၇၀၀ ၄ ဟင်္သာတ ၁ ပိဿာ ၆၈၅ ၇၀၀ ၅ မန္တလေး ၁ ပိဿာ ၆၆၇ ၇၀၀ မတ်ပဲအရောင်းအဝယ်ပုံမှန်ရှိနေ ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို ပြည် ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့ တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို အနိမ့်ဆုံး ၄၆၆၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၇၁၀၀၀ ကျပ်အတွင်း တန် ၂၅၃၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်စဖွင့်ချိန်မှာ အိတ်စပို့ဝယ် လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါပိုများခဲ့ပြီး နောက်ရက် တွေမှာ အဝယ်ပုံမှန်လောက်သာရှိပေမယ့် အရောင်းအဝယ်ဖြစ်မှု ပမာဏလျော့မသွားခဲ့ဘူးလို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ မန္တ လေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)က ဈေးကွက်သို့အဝင်ပုံမှန်ရှိ သလို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေကလည်း ဝယ်အားပုံမှန် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)နဲ့နေ့စဉ်အိတ် ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံရွာဈေး ကွက်မှာမတ်ပဲသစ်တွေ မုံရွာအနီးတစ်ဝိုက်မှ အဝင်ပုံမှန်ရှိသလို ဒေ သတွင်းခွဲစက်တွေနဲ့ လက်လီသမားများကလည်း အရည်အသွေးပေါ် မူတည်ပြီး အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာ ၆၈၅ ကျပ်(တစ်တန်ကို ၄၁၉၄၈၇ ကျပ်)နဲ့ နေ့စဉ် အိတ် ၂၀၀ မှ ၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဟင်္သာတဈေး ကွက်မှာ မတ်ပဲသစ်တွေ ဈေးကွက်ထဲ အဝင်နည်းပေမယ့် အဝင်ရှိ သလောက်တော့ ရန်ကုန်အဆွဲပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်) နဲ့ တစ်ရက်အိတ် ၁၀၀ မှ ၂၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည် တစ်ဦးကဆိုပါတယ်။ ပြည်ဈေးကွက်သို့ မတ်ပဲသစ်များစတင်ဝင် ရောက်နေပေမယ့် အဝင်ပမာဏ နည်းသေးတာကြောင့် လက်ကျန် ပဲဟောင်းများကိုသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၇၀၀ ကျပ်(တစ်တန်ကို ၄၂၈၆၇၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background