ပြောင်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၂၆၀ ၂၆၈ ၂ လားရှိုး ၁ ပိဿာ ၃၂၀ ၃၃၅ ၃ မူဆယ် ၁ တန် ၂၃၇၉၂၀ ၂၄၀၁၄၃ ၄ မန္တလေး ၁ ပိဿာ ၂၉၆ ၃၁၅ ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်များ ဝယ်အားပုံမှန်ရှိလို့ ဈေးစွာ တောင်ကြီးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင် ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ်သမား များကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၂၆၈ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၃၅၀၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည်များက ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းက ယခင်အပတ်နဲ့စာရင် ဝယ်အားနည်း နည်းလျော့သွားတယ်လို့ သိရပါတယ်။ နှစ်ကူးပွဲတော်ကလည်း နီး လာပြီလေ။ ဒါကြောင့် အဝယ်နည်းနည်းအားပျော့သွားတယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပါးသွားပေမယ့် ဈေးကအမြင့်မှာရှိနေတယ် လို့ မြို့ခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်ပိဿာ ၃၁၅ ကျပ်နဲ့ နေ့စဉ် အိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းကဈေးကွက်သို့ဝင်ရောက် မှုပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း ပုံမှန်နဲ့စာရင် အဝယ်နည်း သွားတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၃၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၀၆၉၄၈၅ ခန့်ဖြစ်ခဲ့တယ် လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။
Background