Main menu

Background

ပဲတီစိမ်း(အညာ)

Tue, 01/24/2012 - 09:16 -- Anonymous (not verified)

ပဲတီစိမ်း(အညာ)     စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ          ယခင်    ယခု    ပြောင်းလဲမှု     ၁    မုံရွာ              ၁ ပိဿာ           ၈၈၄       ၈၁၆                          ၂    မန္တလေး          ၁ ပိဿာ           ၉၃၃       ၈၅၃    ၃    ပြည်              ၁ ပိဿာ            ၈၂၅      ၈၁၅        ၄    မကွေး           ၁ ပိဿာ           ၇၆၅        ၈၁၅ ပဲတီစိမ်း(အညာ) ဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ    မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(ထိပ်စ)ကို တရုတ်ဝယ်လက်က အရည်အသွေးအပေါ် မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင်  ဈေးကျလာပြီး တစ်ပိဿာကို ၈၅၃ ကျပ်(တစ်တန်ကို ၅၂၂၃၆၈ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲတီစိမ်းကို မန္တလေးဝယ်လက်က တစ်ပိဿာ ၈၁၅ ကျပ် (တစ်တန်ကို ၄၉၉၀၉၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၀၀ ခန့် အဝယ်ခပ်ပါးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ဈေးကွက် သို့ ပဲတီ စိမ်းတွေ ပန်တောင်း၊ ဥသျှစ်ပင်နဲ့ ပေါင်းတလည်မြို့နယ်များမှ အဝင် ပုံမှန်ရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၁၅ ကျပ်(တစ် တန်ကို ၄၉၉၀၉၇ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။ မုံရွာဈေးကွက်သို့ ပဲတီစိမ်းနယ်စုံက ပစ္စည်း အဝင်ပုံမှန်ရှိခဲ့ပြီး ပဲတီစိမ်းကြီးထက် စာရင် ပဲတီစိမ်းသေးက ပိုမိုဝင် ရောက်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးကို ရန်ကုန်ဝယ်လက်နဲ့ မန္တလေးဝယ်လက်က တစ်ပိဿာ ၈၁၆ ကျပ်(တစ်တန်ကို ၄၉၉၇၁၀ ကျပ်)၊ ပဲတီစိမ်းသေးကိုတော့ ရန်ကုန်ဝယ်လက်က တစ်ပိဿာ ၇၄၇ ကျပ် (တစ်တန်ကို ၄၅၇၄၅၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀၀ ခန့်အ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။