Main menu

Background

ထိုင်ဝမ်(ကုလားပဲ)

Tue, 01/24/2012 - 09:19 -- Anonymous (not verified)

ထိုင်ဝမ်(ကုလားပဲ)    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်    ယခု    ပြောင်းလဲမှု     ၁    မန္တလေး         ၁ ပိဿာ          ၉၃၃       ၈၅၃                ၂    မကွေး            ၁ ပိဿာ          ၈၇၀       ၈၀၅         ၃    ပခုက္ကူ            ၁ ပိဿာ          ၉၀၀      ၈၂၅        ၄    မုံရွာ              ၁ ပိဿာ          ၉၂၁        ၈၅၀        ၅    အောင်လံ      ၁ ပိဿာ          ၈၇၅          ၈၁၅        ၆    မြင်းခြံ           ၁ ပိဿာ          ၈၅၀         ၈၀၅    ၇    ပြည်            ၁ ပိဿာ           ၈၈၀         ၈၂၅ထိုင်ဝမ်(ကုလားပဲ) ကို ခွဲစက်တွေ အောက်ဈေးနဲ့ အဝယ်ရှိလို့ ဈေးကျ    မန္တလေးဈေးကွက်မှာ ကုလားပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံ ခွဲစက်တွေက ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၅၃ ကျပ် (တစ်တန်ကို ၅၂၂၃၆၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၀၀ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦး ဆိုပါတယ်။ ပဲဈေး ကောင်းတဲ့အချိန်မှာ ရောင်းလက်တွေ အရောင်းများခဲ့ပေမယ့် ယခု လိုဈေးကျတဲ့အခါမှာတော့ ရောင်းလက်တွေ အရောင်းနည်းလာတယ်။  ဒါကြောင့် အရောင်းအဝယ်ဖြစ်မှုပမာဏလည်း ယခင်အပတ်နဲ့စာရင် လျော့နည်းသွားတယ်လို့ မြို့ခံပဲခွဲစက် လုပ်ငန်းရှင်တစ်ဦးက ဆိုပါ တယ်။ မကွေးဈေးကွက်မှာ ကုလားပဲကို မြို့ခံခွဲစက်တွေက အဝယ် ပါးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာ ကို ၈၀၅ ကျပ် (တစ်တန်ကို ၄၉၂၉၇၃ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အောင်လံ ဈေးကွက်မှာ ကုလားပဲကို မြို့ခံခွဲစက်တွေက အဝယ်အေးသွားတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျသွားတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၁၅ ကျပ်  (တစ်တန်ကို ၄၉၉၀၉၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅၀ မှ ၂၀၀ ကြားသာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မုံရွာဈေးကွက်မှာ မြို့ခံပဲခွဲစက်တွေ က ကုလားပဲကို ဝယ်အားပုံမှန်ရှိပေမယ့် ပစ္စည်းရှားလို့ ရောင်းလက် ပါးခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၅၀ ကျပ်(တစ်တန်ကို ၅၂၀၅၃၁ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းခဲ့ တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ယခင်တစ်ပတ်က တစ်ပိ ဿာကို ၈၈၀ ကျပ် (တစ်တန်ကို ၅၃၈၉၀၃ ကျပ်)နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ကုလားပဲက ယခုအပတ်မှာတော့ ဝယ်လိုအားလျော့သွားလို့ တစ်ပိဿာကို ၈၂၅ ကျပ် (တစ်တန်ကို ၅၀၅၂၂၁ ကျပ်)နဲ့သာ တစ် ရက်ကို အိတ် ၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန် သည်တစ်ဦးက ဆိုပါတယ်။