ပဲစင်းငုံနီ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ ဘုရင့်နောင် ၁ တန် ၄၉၀၀၀၀ ၅၁၆၀၀၀ ၂ မန္တလေး ၁ ပိဿာ ၈၀၀ ၇၆၇ ၃ မုံရွာ ၁ ပိဿာ ၈၁၀ ၇၈၅ ၄ ပခုက္ကူ ၁ ပိဿာ ၈၀၅ ၇၈၀ ၅ မြင်းခြံ ၁ ပိဿာ ၈၀၀ ၇၇၀ ၆ အောင်လံ ၁ ပိဿာ ၈၀၅ ၇၉၀ ၇ မကွေး ၁ ပိဿာ ၈၀၀ ၇၈၅ ၈ ပြည် ၁ ပိဿာ ၈၀၀ ၇၉၀ ပဲစင်းငုံနီ အဟောင်း အသစ် အရောင်းအဝယ်ပုံမှန်ဖြစ် ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် ပဲစင်းငုံနီ(သစ်) ရော (ဟောင်း) ပါ အိတ်စပို့ဝယ်လက် ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက ငုံနီ(သစ်) တစ်တန်ကို အနိမ့်ဆုံး ၅၁၆၀၀၀ ကျပ်မှ အမြင့်ဆုံး ၅၂၅၀၀၀ ကျပ်အတွင်း တန် ၁၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့သလို ငုံနီ(ဟောင်း)ကလည်း တစ်တန်ကို အနိမ့်ဆုံး ၄၈၆၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၉၄၅၀၀ ကျပ်အတွင်း တန် ၂၂၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မန္တလေး ဈေးကွက်မှာ ပဲစင်းငုံနီ(အဟောင်း)နဲ့စာရင် ပဲစင်းငုံနီ(အသစ်)ကို ရန်ကုန်အဆွဲများခဲ့တယ်လို့ သိရပါတယ်။ ငုံနီသစ်က ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို အရည်အသွေးကလည်း ကောင်းတာကြောင့် ရန်ကုန်အဆွဲများတာလို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက ငုံနီ(သစ်) တစ်ပိဿာ ၇၆၇ ကျပ် (တစ်တန်ကို ၄၆၉၇၀၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅၀၀ ခန့် ငုံနီ(ဟောင်း) တစ်ပိဿာ ၇၂၀ ကျပ်(တစ်တန်ကို ၄၄၀၉၂၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၆၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မကွေးဈေးကွက်မှာ ငုံနီ(သစ်) ရော(ဟောင်း) ပါ ရန်ကုန်အဆွဲပုံမှန်ရှိခဲ့သလို ရောင်းသူ ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လိ့ု ဆို ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ငုံနီ(သစ်) တစ်ပိဿာ ၇၈၅ ကျပ် (တစ်တန်ကို ၄၈၀၇၂၆ ကျပ်) ငုံနီ(အဟောင်း) တစ်ပိဿာ ၇၃၅ ကျပ်(တစ်တန်ကို ၄၅၀၁၀၆ ကျပ်)နဲ့ နှစ်မျိုးပေါင်း အိတ် ၁၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပခုက္ကူဈေးကွက် မှာ ပဲစင်းငုံနီ(သစ်)နဲ့စာရင် (အဟောင်း)က အရောင်းအဝယ်ပိုများ ခဲ့တယ်လို့ ဆိုပါတယ်။ ပဲသစ်နဲ့စာရင် ပဲဟောင်းက ဈေးချိုတာကြောင့် အခုလိုအရောင်းအဝယ်ဖြစ်မှု ပိုများလာတယ်လို့ မြို့ခံပဲကုန်သည် တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ငုံနီ(သစ်) တစ်ပိဿာ ၇၈၀ ကျပ် (တစ်တန်ကို ၄၇၇၆၆၄ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၅၀၀ ခန့် ငုံနီ(ဟောင်း) တစ်ပိဿာကို ၇၃၅ ကျပ်(တစ်တန်ကို ၄၅၀၁၀၆ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၃၀၀၀ ခန့်အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အောင်လံဈေးကွက်မှာ ငုံနီ(သစ်) ရော (ဟောင်း) ပါ အိတ်စပို့အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက် ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက (သစ်) တစ်ပိဿာ ၇၉၀ ကျပ်(တစ်တန်ကို ၄၈၃၇၈၈ ကျပ်) (ဟောင်း) တစ်ပိဿာ ၇၄၀ ကျပ်(တန်တန်ကို ၄၅၃၁၆၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည် များကဆိုပါတယ်။ ပြည်ဈေးကွက်မှာ ငုံနီသစ်တွေ ဈေးကွက်သို့ အဆက်မပြတ်ဝင်ရောက်မှုတွေရှိသလို ရန်ကုန်ဝယ်လက်ကလည်း အဝင်ရှိသလောက် အဝယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက ငုံနီ(သစ်)တစ်ပိဿာကို ၇၉၀ ကျပ် (တစ်တန်ကို ၄၈၃၇၈၈ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မုံရွာဈေးကွက်မှာ ပဲစင်းငုံနီအဟောင်းကို ရန်ကုန် အဆွဲပုံမှန်ရှိခဲ့သလို ငုံနီသစ်တွေကလည်း ဈေးကွက်သို့ အဝင်လှိုင်လာ ခဲ့ပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲ သစ်တွေအဝင်လှိုင်နေသလို အရည်အသွေးကလည်း ကောင်းတာ ကြောင့် ရန်ကုန်-မန္တလေးအဆွဲသွက်နေတယ်လို့ ပွဲရုံရပ်ကွက်မှဆိုပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက ငုံနီ(သစ်) တစ်ပိဿာ ၇၈၅ ကျပ် (တစ်တန်ကို ၄၈၀၇၂၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၂၀၀၀ ခန့် ငုံနီ(ဟောင်း) တစ်ပိဿာကို ၇၂၀ ကျပ်(တစ်တန်ကို ၄၄၀၉၂၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အခုလိုနယ် အော်ဒါနဲ့ ဒေသခံကုန်သည်တွေ ဝယ်လိုအားကောင်းနေတာကြောင့် ပဲဈေးဒီထက်ပိုပြီး ဈေးကောင်းနိုင်ကြောင်း ကုန်သည်တွေက သုံးသပ် နေတာကို ဈေးကွက်အတွင်းမှ သိရပါတယ်။
Background