ပြည်-မန္တလေး ကုန်စည်ပို့ဆောင် ရေးမှာ ပြည်မြို့ကို တရုတ်နိုင်ငံထုတ် ကုန်များ တင်ပို့မှုများပြီး မန္တလေးမြို့ကို ဆန်နဲ့ ကဏန်းများ တင်ပို့မှုများရာမှ လမ်းပိုင်း အချိန်ကွာခြားခြင်းကြောင် ကဏန်းတင်ပို့မှု နည်းလာကြောင်း သိရပါတယ်။တိုင်းလုံးကျော် ကုန်စည်ပို့ဆောင် ရေးမှ ဦးစန်းအောင်က "ပြည်-မန္တလေး က ကုန်စည်ပို့ဆောင်ရေး ပုံမှန်ပါပဲ။ ဒီနှစ်မှာထူးခြားတာက ပြည်ကနေ ဆန် များများ ပို့နေရပြီး၊ မန္တလေးကနေ ပန်း သီး၊ လိမ္မော်သီး များများပို့နေရတယ်။ ပြည်ကို ရခိုင်ပြည်နယ် တောင်ကုတ် ဒေသထွက် ငါးခြောက်၊ ကဏန်းလည်း ပို့နေရပေမယ့် ကဏန်းက ပုပ်ကုန်ဖြစ် တဲ့အတွက် ပြည်မြို့ကို မဝင်တော့ဘဲ ရန်ကုန်ကို တိုက်ရိုက်ပို့တာတွေ့ရတယ်။ ကားခက မကွာပေမယ့် အချိန်ကုန်လို့ ရန်ကုန်ဘက်သွားပြီးမှ မန္တလေးကိုဝင် တာ။ ရန်ကုန်ကနေ မန္တလေးကို မနက် ဝင်ရင် ပြည်ကဆို မန္တလေးကို ညနေမှ ဝင်တာ။ ဒါကြောင့် ရန်ကုန်ဘက်က ပတ်သွားတော့တာ။ ကုန်စည်ပို့ဆောင် ရေးမှာ ကားခအနေနဲ့တော့ ပုံမှန်ပါပဲ။ ဈေးနှုန်း အတက်အကျမများဘူး"လို့ ပြောပါတယ်။ ကုန်စည်ပို့ဆောင်ခ ဈေးနှုန်းများ မှာ ကုန်ကျစ် တစ်ပိဿာ ၈၀ ကျပ်၊ ကုန်ပွတစ်ပိဿာ ၁၀၀ ကျပ်ဈေး ပုံမှန် သာ ရှိကြောင်းသိရပါတယ်။ ပြည်မြို့ကို ကြက်သွန်ဖြူ၊ ဆိုင်ကယ်အပိုပစ္စည်း၊ စားသောက်ကုန်၊ စက်ပစ္စည်း၊ လယ် ယာသုံး ပစ္စည်းများ၊ တရုတ်နိုင်ငံထုတ် လူသုံးကုန်ပစ္စည်းများ တင်ပို့မှုရှိပြီး၊ မန္တလေးမြို့ကို ငါးခြောက်၊ ဆန်၊ သစ်ခွ ရိုးခြောက်၊ ဝဥခြောက်၊ ပဲမျိုးစုံ၊ နှမ်း အဓိကတင်ပို့ပြီး ကဏန်းအနည်းငယ် တင်ပို့မှုရှိကြောင်း သိရပါတယ်။ ဇူးဇူး
Background