Main menu

Background

ဧရာဝတီတံတား(ပခုက္ကူ)ရဲ့ အသုံးဝင်မှုတန်ဖိုး

Tue, 01/24/2012 - 09:41 -- Anonymous (not verified)

       ဧရာဝတီတံတား (ပခုက္ကူ)ဟာ မြန်မာနိုင်ငံမှာ အရှည်ဆုံးတံတားတစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။ ယခင်ကတော့ ပခုက္ကူကနေ လက်ပံခြေပေါ်၊ ညောင်ဦးမြို့နယ်ဘက်ကမ်း ကူးမယ်ဆိုရင် စက်လှေပေါ်မှာ ဆိုင်ကယ်တစ်စီးကို ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ ကားဇက်ကူးမယ်ဆိုရင် ကားငယ် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်၊ ကုန်တင်ကားကြီး ကုန်ပါတစ်စီး ၄၀၀၀၀ ကျပ်၊ ကုန်မဲ့တစ်စီး ၂၀၀၀၀ ကျပ်ပေးပြီး၊ အချိန်ယူူကာမဖြစ်မနေ ရွေးချယ်စရာမရှိ ဖြတ်သန်းသွားလာ ခဲ့ကြရပါတယ်။အခုတော့ တံတားသစ်ကြီးပေါ်မှာ တစ်နေ့ကို ယာဉ်စီးရေ ၅၀၀ မှ ၇၀၀ အတွင်း နေ့စဉ်ဖြတ်သန်းနေကြပြီး ဆိုင်ကယ် တစ်စီးကို ၁၀၀ ကျပ်၊ ကားငယ်တစ်စီး ၃၀၀ ကျပ်မှ ၅၀၀ ကျပ်၊ ကုန်တင်ကားကြီးတစ်စီး ၄၀၀၀ ကျပ်နဲ့ ၁၅ မိနစ်အတွင်း လိုရာဘက်ကမ်းကို အရောက်ကူးနိုင်ကြပြီဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ စေတနာနဲ့ အချိန်တိုတိုအတွင်းမှာ ခရီးသွားပြည်သူ အများ စိတ်လက်ချမ်းသာစွာ အန္တရာယ်ကင်းကင်း သွားလာနိုင်ကြပြီဖြစ်ပါတယ်။ကုန်သွယ်မှုရှုဒေါင့်ကနေကြည့်ရင် ယခင်က ပခုက္ကူ-ရန်ကုန်ကို ကုန်သယ်ခ တစ်ပိဿာကို ၈၀ ကျပ် - ၉၀ ကျပ်ရှိပေမယ့် တံတားပေါက်ပြီးတဲ့အချိန်မှာ ၆၅ ကျပ်ပဲရှိပါတော့တယ်။ တံတားကြီးဟာ ကုန်စည်စီးဆင်းမှု မှာသာ လျင်မြန်ချောမွေ့စေတာ မဟုတ်ဘဲ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုပါ တစ်ဖက်က အထောက်အကူပြုနေတာ တွေ့ရပါတယ်။ ဒါကြောင့် ဧရာဝတီတံတား (ပခုက္ကူ)အသုံးဝင်မှုတန်ဖိုးကတော့ အဖိုးမဖြတ်နိုင်ဘူးလို့ ပြောရမှာဖြစ်ကြောင်းပါ။                    မောင်မောင်အေး