Main menu

Background

တီဘီရောဂါရှာဖွေရာမှာ မှန်ကန်မြန်ဆန်တဲ့ အဖြေရရှိနိုင်တဲ့ Gene Xpert စက်သစ်နှစ်လုံးကို မန္တလေးမြို့မှာထားရှိမယ်

Tue, 01/24/2012 - 09:48 -- Anonymous (not verified)

          Gene  Xpert စက်သစ်နှစ်လုံး ကို ပြည်သူ့ဆေးရုံကြီး တီဘီပြင်ပလူနာ ဌာနနဲ့ အထက်မြန်မာ  တီဘီရောဂါ တိုက်ဖျက်ရေးဌာနတို့မှာ ထားရှိမယ်လို့ သိရပါတယ်။အဆိုပါစက်ကို အပြည်ပြည်ဆိုင် ရာ တီဘီရောဂါနဲ့ အဆုတ်ရောဂါတိုက် ဖျက်ရေးအဖွဲ့  (International  Union   Against  Tuberculosis  and  Lung  Disease)  မှ ထောက်ပံ့ပေးခြင်း ဖြစ်ပြီး၊ စက်တစ်လုံးကို အထက်မြန်မာ တီဘီရောဂါ  တိုက်ဖျက်ရေးဌာနမှာ ၂၀၁၁ ခုနှစ်၊  ဒီဇင်ဘာလအတွင်းက သုံးစွဲလျက်ရှိပြီး စက်တစ်လုံးကို ထပ်မံ ထားရှိမှာဖြစ်ကြောင်း  သိရပါတယ်။  Gene  Xpert   စက်နဲ့ HIV ဝေဒနာ သည်များနဲ့ ကလေးများမှာ တီဘီရောဂါ စမ်းသပ်ရှာဖွေရာမှာ မှန်ကန်မြန်ဆန်တဲ့ အဖြေရရှိဖို့ ရှာဖွေပေးမှာဖြစ်ကြောင်း သိရပါတယ်။The  Union  အဖွဲ့က တီဘီရောဂါ တိုက်ဖျက်ရေး  စီမံကိန်းမန်နေဂျာ ဒေါက်တာကျော်ထင်စိုးက "အရင်က Microscope နဲ့ သလိပ်စစ်ပြီး TB   ရောဂါရှိ၊ မရှိစစ်ဆေးရတာ။ သလိပ် 1 စီစီမှာ ပိုးအကောင်တစ်သောင်းပါမှ Microscope မှာ ပိုးတစ်ကောင်တွေ့ နိုင်တာ။ ဆေးယဉ်ပါးလူနာတွေ၊  HIV  ဝေဒနာသည်တွေနဲ့ ကလေးတွေမှာ ပိုး ကောင်ရေရှိပြီး မတွေ့ရတာလဲဖြစ်တတ် တယ်။ အရိပ်ပဲ တွေ့ရတာလဲရှိတယ်။ ကလေးတွေမှာဆို အဆုတ် TB  လား သေသေချာချာသိရရင် အကောင်းဆုံး ပဲ။ အခုစက် Gene Xpert   မှာက  စမ်း သပ်တာနဲ့ နှစ်နာရီကြာပြီးရင် အဖြေ သိရမယ်။ မျိုးရိုးဗီဇ အခြေခံပြီးတော့ စမ်းတာဖြစ်တဲ့အတွက် မှန်ကန်တိကျတဲ့ အဖြေရလိမ့်မယ်။ Project ကာလ အတွင်းမှာ ၂၅၀၀ ဦးကို စမ်းသပ်ဖို့မှန်း ထားတယ်"လို့ ပြောပါတယ်။ Gene Xpert  စက်နဲ့ လတ်တလော သလိပ်နဲ့ ရောဂါပိုးစစ်ဆေးနိုင်မှာဖြစ် ပြီး၊ နောက်ပိုင်းမှာ  ကျွမ်းကျင်ပညာ ရှင်များရောက်ရှိပါက ဆီး၊ ဝမ်း၊ ရိုးတွင်း ချဉ်ဆီ၊ အရိုးအဆစ်နဲ့ အရေပြားများ မှာပါ စစ်ဆေးနိုင်မှာဖြစ်ကြောင်း သိရ ပါတယ်။ဇူးဇူး