Main menu

Background

တရုတ်နှစ်သစ်ကူးနီးလာလို့ ကုန်အသွားအလာနည်း

Tue, 01/24/2012 - 09:49 -- Anonymous (not verified)

             ယခုတစ်ပတ်မှာ တရုတ်နှစ်သစ်ကူးနီးလာလို့ ကုန်အသွားအလာ နည်းခြင်း ကြောင့် ကားများရပ်နားနေရကြောင်း သိရပါတယ်။"ပြီးခဲ့တဲ့တစ်ပတ်က ဆန်၊ ဖရဲသီးအနည်းအကျဉ်းတင်နေရတယ်။ ဒီတစ်ပတ် ကုန်တော်တော်နည်းသွားပြီ။ ပြောင်းလည်း အတင်မရှိတော့ဘူး။ နှမ်းတော့အနည်း အကျဉ်းတင်နေရတယ်။ အဆင်းကုန်လည်းနည်းတယ်။ မြေဆီနဲ့ တရုတ် လူသုံးကုန် ပစ္စည်းအချို့ ဆင်းတယ်။ ကုန်အသွားအလာနည်းတဲ့အတွက် ကားပြင်တဲ့သူက ပြင်၊ နယ်ကားတွေက နယ်ကိုပြန်ကြတယ်။ ကုန်နည်းသွားတဲ့အတွက် အတက်ကုန် ဈေးပြန်ကျလာတယ်"လို့ စိန်ထိပ်တန်းကုန်စည်ပို့ဆောင်ရေးမှ ကိုစန်းနိုင်ဦးက ပြော ပါတယ်။ယခုလအတွင်း မန္တလေးမြို့မှ မူဆယ် ၁၀၅ မိုင်၊ ၎င်းင်းမှတစ်ဆင့် တရုတ်နိုင်ငံကို ဆန်တင်ပို့မှုများလာကြောင်း၊ ဆန်ပါမစ်မရှိသူများမှာ လားရှိုးမြို့ကို တင်ပို့မှုရှိကြောင်း သိရပါတယ်။ ယခုနှစ် ဖရဲသီးတင်ပို့မှုမှာ ယခင်နှစ်ကလောက် တင်ပို့မှုမရှိကြောင်း၊ ယခင်နှစ်က ဖရဲသီးရာသီချိန်မှာ ကုန်တင်ရန်ကားများကို လုခေါ်တဲ့အနေအထားရှိ ခဲ့ကြောင်း သိရပါတယ်။ အဆင်းကုန်များလည်း နည်းပြီး၊ အဆင်းကုန်ဈေးနှုန်းမှာ ယခင်နှစ်ကထက် ဈေးကျဆင်းနေလျက်ရှိပြီး၊ အဆင်းကုန်ဈေးနှုန်းမှာ တစ်ပိဿာကို ၅၅ ကျပ်နဲ့ ၆၀ ကျပ်ကြားရှိကြောင်း၊ အတက်ကုန်ဈေးနှုန်းမှာ ပြီးခဲ့တဲ့ တစ်ပတ် ကထက် ဈေးကျဆင်းလာပြီး တစ်ပိဿာကို မူဆယ်အရောက်ဈေး ၁၀၀ ကျပ် - ၁၀၅ ကျပ်- ၁၁၀ကျပ်ဈေးရှိပြီး ၁၀၅ မိုင်အရောက်ဈေးမှာ ၉၀ ကျပ် -၉၅ ကျပ်ဈေးရှိ ကြောင်း သိရပါတယ်။ အတက်ကုန်တင်နှုန်းမှာ ယခင်နှစ်နဲ့ယှဉ်ရင် ကျဆင်းခြင်းမရှိ ကြောင်း သိရပါတယ်။                                              ဇူးဇူး