ပြည်ပ သွင်းကုန် ပို့ကုန်လုပ်ငန်း များ လုပ်ဆောင်ရာတွင် ငွေပေးချေမှု အပိုင်းအနေဖြင့် ယနေ့ကမ္ဘာတွင်စိတ် ချယုံကြည်ရပြီး အများက လက်ခံ ကျင့်သုံးလျက်ရှိသည့် ငွေလွှဲစာတမ်း ပေး ချေမှု (Opening of the letter of credit payment) စနစ်ကို သိရှိနားလည်ရန် ပြုစုတင်ပြထား သောစာအုပ်ဖြစ်သည်။ငွေလွှဲစာတမ်း စနစ်သည် ကုန်ဝယ်သူနှင့် ကုန်ရောင်း သူတို့အကြား ငွေပေးချေမှု အဆင် ပြေချောမွေ့စေရန်ကုန်ဝယ်သူ၏ဘဏ် နှင့်ကုန်ရောင်းသူ၏ဘဏ်တို့က ကြား ဝင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ငွေလွှဲစာတမ်းဆိုင်ရာ လုပ်ငန်းစဉ် များ ရှင်းလင်းဖော်ပြချက်များနှင့်တကွ အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီး အသင်း (ICC) က နောက်ဆုံးထုတ် ပြန်ချက်ဖြစ်သည့် အပိုဒ်ပေါင်း ၃၉ (Article) ပါ ငွေလွှဲစာတမ်းဆိုင်ရာ တစ်ပြေးညီလိုက်နာကျင့်သုံးမှု အမှတ် စဉ် ၆၀၀ (Latest version of UCP No 600) ကို မူရင်းစာသားများနှင့် အတူ စာရေးသူက မြန်မာဘာသာ သို့ ရှင်းလင်းပြန်ဆိုထားချက်များ ပါ ဝင်သည်။ ငွေလွှဲစာတမ်းဖွင့်ရန် သို့ မဟုတ် ဝယ်သူက ဖွင့်လှစ်ပေးသည့် ငွေလွှဲစာတမ်းကို လက်ခံရန်အတွက် သိထားတတ်ထားရမည့် အချက်များ၊ ကုန်ဖိုးငွေအတွက် ဘဏ်သို့ တင်ပြ သည့် စာရွက်စာတမ်းများတွင် ကွဲလွဲ ချက်များ မဖြစ်ပေါ်အောင် သတိ ထားရမည့်အချက်များ၊ ကုန်ဖိုးငွေများ မကြန့်ကြာရအောင် တောင်းခံနိုင် သည့် နည်းလမ်းများကို လက်တွေ့ လုပ်ဆောင်နိုင်ရန် တင်ပြထားသည်။ နိုင်ငံတကာ ကူးသန်းရောင်းဝယ် ရေးနယ်ပယ်၌ တာဝန်ခံဆောင်ရွက်ခဲ့ သူတစ်ဦး၏ အတွေ့အကြုံများနှင့် ဆက်စပ် တင်ပြထားခြင်းကြောင့် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ပို့ကုန်သွင်းကုန်လုပ် ငန်းများ စနစ်တကျ လုပ်ဆောင်နိုင် ရန် အားထားရမည့် အဆိုပါစာအုပ် ကို Wisdom House စာအုပ်တိုက် မှ ဇန်နဝါရီလဆန်းတွင် ထုတ်ေ၀ လိုက်ကြောင်း သိရသည်။ ရောင်းဈေး - ၄၀၀၀ ကျပ်စာမူခွင့်ပြုအမှတ် - ၄၀၁၁၈၆၀၉၁၁
Background