Main menu

Background

တောင်ကိုရီးယားကိုသွားမဲ့ အမယ်သစ်ပို့ကုန် ပဲပိုးတီ

Tue, 01/24/2012 - 09:53 -- Anonymous (not verified)

    ပြည်ပပို့ကုန် များ တိုးတက် တင် ပို့နိုင်ရေး နိုင်ငံတော် အစိုးရမှ အားပေး ကူညီ ဆောင်ရွက် ပေးလျက်ရှိတဲ့အပြင် ပြည်ပသို့ တင်ပို့ နေတဲ့ Exporter   ကုမ္ပဏီများ အနေ နဲ့လည်း ပို့ကုန်များ တိုးတက် တင်ပို့နိုင် ရေးကြိုးပမ်းဆောင် ရွက်လျက်ရှိပါတယ်။ အသစ်အသစ်သော ပို့ကုန်အမယ်များကိုရှာဖွေဖော်ထုတ်ပြီး ပြည်ပသို့တင်ပို့ကာ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးလျက်ရှိပါတယ်။ရှမ်းပြည်နယ်ဒေသ အနှံ့အပြားက ထွက်ရှိတဲ့ပဲပိုးတီကိုတောင်ကိုရီးယား နိုင်ငံသို့ ချဉ်ဖတ်ပြုလုပ် စားသောက်ရန်အတွက် တင်ပို့သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ အာရှနိုင်ငံ အများစုဟာ စားသောက် ပုံချင်းဆင်ဆင်တူကြပါတယ်၊ မြန်မာတိုင်း ရင်းသားတွေ ကြိုက်တဲ့ တို့စရာချဉ်ဖတ်ကို ကိုရီးယားလူမျိုးတွေလည်း ကြိုက်ကြပါသတဲ့၊ ကိုရီးယားရဲ့နာမည်ကျော် ကင်ချီဆိုတာကလည်း တကယ်တော့ တို့စရာ ချဉ်ဖတ် ပါပဲ မြန်မာနိုင်ငံရှမ်းပြည်နယ်ဘက်ကထွက်တဲ့ ပဲပိုးတီတန် ၅၀ကို တောင်ကိုရီး ယား နိုင်ငံသို့ တစ်တန်ကို ယူရို ၈၀၀ ဈေးနှုန်းနဲ့တင်ပို့မှာ ဖြစ်တဲ့အတွက် တစ် ပိသာကို မြန်မာငွေန့ဲ (၁၁၅၀)ကျပ်ခန့် ရရှိတာမို့ ဈေးနှုန်းအားဖြင့်မဆိုးလှသလို တင်ပို့ဖို့ကိုလည်း ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကပို့ကုန်လိုင်စင် ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါတယ်။အမယ်သစ် ပို့ကုန်များရှာဖွေ တင်ပို့နေတဲ့ ကုမ္ပဏီများ အနေနဲ့ ဆထက်တစ်ပိုး တိုးတက်အောင်မြင်နိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သရင်း အားကျအတုယူ တင်ပို့နိုင်ကြပါရန် သတင်းကောင်းပါး ရေးသား အပ်ပါသည်။                                                သက်နိုင်ဦး