Main menu

Background

မွန်ပြည်နယ် ကြက်သွန်နီ၊ ကြက်သွန်ဖြူအသင်း လုပ်ငန်းညှိနှိုင်း

Tue, 01/24/2012 - 09:55 -- Anonymous (not verified)

    မွန်ပြည်နယ် ကြက်သွန်နီ၊ ကြက် သွန်ဖြူနဲ့ စားဖိုဆောင်သုံး သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့    ရောင်းချသူများ အသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က မော်လမြိုင်မြို့ ရတနာထွန်းပွဲရုံ တန်းရှိ မွန်ပြည်နယ်ကုန်သည်/ စက်မှု အသင်းရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ အစည်းအဝေးကို မွန်ပြည်နယ်၊ စက်မှုအသင်း  ဥက္ကဋ္ဌ   ဦးတင်မော်၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေး ပြည်နယ်မန်နေဂျာနဲ့ ဒုပြည် နယ် မန်နေဂျာ၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူအသင်းဥက္ကဌ ဦးထွန်းအေးနဲ့ အသင်းအမှုဆောင်များ၊ အသင်းဝင် ကုန်သည်များ   တက်ရောက်ခဲ့ကြပါ တယ်။ အစည်းအဝေးမှာ မွန်ပြည်နယ် ကုန်သည်စက်မှုအသင်း    ဥက္ကဋ္ဌက ကုန်သည်စက်မှုအသင်းရဲ့   သမိုင်း ကြောင်း ရပ်တည်မှု   အခြေအနေ၊ အသင်းဖွဲ့စည်းထားမှု၊ အသင်းသားများ အဖြစ် ပါဝင်ဆောင်ရွက်ရေး၊ ကုန် စည်ဒိုင် လုပ်ငန်းများမှာ ပါဝင်လာရေးနဲ့ ယနေ့ကုန်သည်များ ထားရှိ ကျင့်သုံး အပ်တဲ့ သဘောထားအမြင်များအား အကျယ်တဝင့် ဆွေးနွေးပါတယ်။ ပြည် နယ် မန်နေဂျာမှ  ကုန်သွယ်မှုအတား အဆီးများ ဖြေလျှော့မှုအခြေအနေ၊ မွန်ပြည်နယ်ကို     ကြက်သွန်နီ စီးဝင်စီးထွက်မှုနဲ့   နယ်စပ်ဈေးကွက် ဆက်စပ်မှု၊ အနာဂတ်မှာ ကုန်သည် အသင်း အဖွဲ့များက  ရပ်တည်ဖော် ဆောင်ရမယ့်  စီးပွားရေးပုံသဏ္ဍန်၊ ၂၀၁၅ ခုနှစ် အာဆီယံလွတ်လပ်တဲ့ ကုန်သွယ်မှုဒေသ(AFTA) မတိုင်မီ ကြို တင် ပြင်ဆင်သင့်တာများ၊ စိန်ခေါ်မှု များအား ရှင်းလင်းဆွေးနွေးပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူအသင်း ဥက္ကဌက အသင်းသားများ  စုဆောင်း ရေး၊ အသင်းလုပ်ငန်းများမှာ ပူးပေါင်း ပါဝင်ရေး၊ ကုန်စည်ဒိုင်အဆောက်အဦ ဆောက်လုပ်ရေးအတွက်ရန်ပုံငွေ ထည့် ဝင်ရေးဆွေးနွေးပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူအသင်း အတွင်းရေးမှူး ဦးထင်အောင်ကျော်က လက်ရှိ ကြက် သွန်နီ၊ ငရုတ်သီးဈေးကွက်အခြေအနေ၊ မိမိတို့နဲ့ဆက်စပ်တဲ့ ထိုင်းနယ်စပ်ဈေး ကွက် အခြေအနေ၊ ဗဟိုအသင်းမှ အကြောင်းကြားချက်များ၊ ညွှန်ကြား ဆွေးနွေးချက်များနဲ့ ရှေ့ဆက် ဆောင် ရွက်သွားသင့်တဲ့ အခြေအနေများ ဆွေး နွေး ပါတယ်။ တက်ရောက်လာသူများမှ သိလိုတာများမေးမြန်း ဆွေးနွေးကြ ပြီးနောက်၊ အသင်းဝင်ခွင့်လျှောက်လွှာ တင်ကြပြီး၊ ကုန်စည်ဒိုင် အဆောက်အဦ ကို ထည့်ဝင်ရန် ရန်ပုံငွေ ၅၀ ရာခိုင်နှုန်း ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် ထည့်ဝင်ရန် နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းမှတရားဝင်နည်းလမ်းနဲ့ ရောင်း ဝယ်ဆောင်ရွက်ကြရန်    ဆုံးဖြတ်ခဲ့ ကြောင်း သိရပါတယ်။        စိုးမြင့်