Main menu

Background

မူဆယ်နယ်စပ်မှ ရေထွက်ကုန် အပို့ပို

Tue, 01/24/2012 - 09:57 -- Anonymous (not verified)

    ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ     ၂ ဒသမ ၈၄၃ သန်းကျော် တန်ဖိုးရှိ ရေထွက်ကုန် ၁၁၄၉ တန်နီးပါး အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က တန် ၉၃၄ တန်ခန့် အပို့ ရှိခဲ့တာမို့ ၂၂၆ တန် ယခင်အပတ်ကထက် အပို့ပိုခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ရေထွက်ကုန် ၇၈၈ တန်ကျော်၊ ချင်း ရွှေဟော်မှ ၁၉ တန်ကျော်၊ မြဝတီမှ ၁၁၃ တန်ကျော်၊ စစ် တွေမှ  တန် ၅၀ ကျော်နဲ့ မောင်တောမှ ၁၇၉ တန်ခန့် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်အလိုက် တင်ပို့တဲ့ အမယ် တွေကတော့ မူဆယ်မှ ရေငန်ငါးမျိုးစုံ ၂၆၂ တန်ခန့်၊ ငါးရှဉ့် ၁၇၁ တန်ကျော်၊ ကဏန်း ၁၀၅ တန်ကျော်၊ ကင်းမွန် ခြောက်၂၅၁ တန်ကျော်၊ ချင်းရွှေဟော်မှ ငါးရှဉ့် ၁၉ တန် ဝန်းကျင်၊ မြဝတီမှ ကဏန်း ၂ တန်ကျော်၊ ငါး ၁၀၃ တန်ခန့်နဲ့ ပုစွန် ၇ တန်ခန့်၊ စစ်တွေမှ ငါးစုံလေးခြောက် ၆ တန်ကျော်၊ ငါးနီတူခြောက် ၁၅ တန်ခန့်နဲ့ ငါးကုန်းညိုခြောက် တန် ၃၀ ခန့်၊ မောင်တောမှ ရေငန်ပုစွန် ၃ တန်ကျော်၊ ငါးနီတူ ၇၆ တန်၊ ငါးကုန်းညိုခြောက် တန် ၅၀နဲ့ ငါးစုံလေးခြောက် တန် ၅၁ နီးပါး တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ MIRT(DOBT)