တိုင်းလုံးကျော်ယာဉ်လိုင်းဟာ ပြည်မှ မန္တလေးမြို့သို့ ပြေးဆွဲလျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက်မှစ၍ ပြင်ဦးလွင်မြို့သို့ တိုးချဲ့ပြေးဆွဲမှာဖြစ်ကြောင်း သိရပါတယ်။ ပြည်မြို့မှ ပြင်ဦးလွင်မြို့သို့ ဧရာဝတီမြစ်အနောက်ဘက်ရှိ မြို့ရွာများအား ဖြတ်၍ ပုသိမ်မုံရွာလမ်းအတိုင်း ပြေးဆွဲမည်ဖြစ်ရာ ဧရာဝတီအနောက်ဘက်ရှိ ဥသျှစ်ပင်၊ ကြိုးပင်ရွာ၊ မဲဇလီရွာ၊ မင်းတုံးမြို့ ရှမ်းတန့်ရွာ၊ ရွှေချောင်းရွာ၊ မဒါန်းရွာ၊ မင်းဘူးမြို့များမှ ခရီးသည်များ တိုက်ရိုက်သွားလာနိုင်မှာဖြစ်ပါတယ်။ လမ်းဟောင်း ဖြစ်တဲ့ အောင်လံ၊ မကွေးလမ်းပိုင်းမှလည်း လေအိတ်ကားများဖြင့် ဆက်လက်ပြေး ဆွဲပေးမှာဖြစ်ကြောင်း သိရပါတယ်။ တိုင်းလုံးကျော်ယာဉ်လိုင်းပိုင်ရှင် ဦးစန်းအောင်က "ပြည်-မန္တလေးကို လမ်း ဟောင်းကတစ်စီး၊ လမ်းသစ်ကတစ်စီး နေ့စဉ်ပြေးဆွဲပေးနေတယ်။ ဖေဖော်ဝါရီ ၂ ရက်ကစပြီး ပြင်ဦးလွင်ကို ပြေးဆွဲပေးမှာဖြစ်တဲ့အတွက် ပြင်ဦးလွင်မှာ ဘော်ဒါ ဆောင် ကျောင်းသွားနေတဲ့သူတွေ၊ ဝန်ထမ်းတွေအတွက် အဆင်ပြေတာပေါ့။ အရင်က မန္တလေးရောက်ပြီးရင် ပြင်ဦးလွင်ကို ပြောင်းစီးရတော့ အလုပ်ရှုပ်တာပေါ့။ ပြည်ကနေလမ်းဟောင်းရော၊ လမ်းသစ်ကရော ပြေးဆွဲပေးမှာ ဖြစ်တဲ့အတွက် ဧရာဝတီအနောက်ခြမ်းက ခရီးသည်တွေပိုပြီး အဆင်ပြေတယ်။ အရင်ကဆို ဧရာဝတီအနောက်ခြမ်း မြို့ရွာတွေက မန္တလေးဘက်ကိုလာချင်ရင် မင်းဘူးမြို့နဲ့ ပြည်မြို့ကို သွားပြီးမှ ကားပြန်စီးရတာ။ လမ်းသစ်ကနေ မန္တလေးကိုပြေးဆွဲနေတာ တစ်နှစ်ရှိပြီ။ ဒီနှစ်မှာ ပြင်ဦးလွင်ကို တိုးချဲ့ပြေးဆွဲပေးတာ။ ပြင်ဦးလွင်ကိုကျောင်းသွား တက်တဲ့ ကလေးတွေများတယ်။ ပြည်မြို့ကနေ ပြင်ဦးလွင်မြို့ကို ပထမဆုံးပြေးဆွဲတဲ့ ယာဉ်လိုင်းဖြစ်ပါတယ်"လို့ ပြောပါတယ်။ပြည်မှ မန္တလေးမြို့သို့ တိုင်းလုံးကျော်၊ မြတ်မန္တလာထွန်းနဲ့ အောင်နိုင်သူ ယာဉ်လိုင်းများဖြင့် နေ့စဉ်ပြေးဆွဲနေကြောင်း သိရပါတယ်။ တိုင်းလုံးကျော်ယာဉ် လိုင်းမှ ပြည်-ပြင်ဦးလွင်တိုးချဲ့ပြေးဆွဲမှာဖြစ်ရာ လက်မှတ်မှာယူလိုပါက ဖုန်း ၀၉ ၅၃၁ ၂၂၈၇ ၊ ၀၉ ၂၂၀ ၁၁၂၅ နဲ့ ၀၉ ၆၈၀၁၆၄၅ သို့ မှာယူနိုင်ကြောင်း သိရ ပါတယ်။ ဇူးဇူး
Background