မန္တလေးမြို့၊ ပွဲစားကုန်သည်စက်ပိုင်များအသင်း၊ မန်းကုန်စည်ဒိုင် အသင်းကြီးတွင် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်ကစပြီး APIS စနစ်ဖြင့် ဈေးနှုန်း အလိုလျောက်ဖြေကြားစက် တပ်ဆင်အသုံးပြုနေပြီဖြစ်ကြောင်း သိရပါတယ်။ အသင်းကြီးရဲ့ ကြော်ငြာဘုတ်နဲ့ လူမြင်သာတဲ့နေရာမှာ ရန်ကုန်၊ မူဆယ်၊ မန်းကုန်စည်ဒိုင်များသို့ ဆက်သွယ်မေးမြန်းနိုင်တဲ့ ဖုန်း နံပါတ်ပါ ပိုစတာများလည်း ချိတ်ဆွဲထားကြောင်း သိရပါတယ်။ ကုန်သည်ပွဲစားများအနေနဲ့ ဈေးနှုန်းသတင်းက အဓိကကျတဲ့အတွက် အလိုလျောက်ဖြေကြားစက် တပ်ဆင်ထားတဲ့မြို့များရဲ့ နောက်ဆုံးအရောင်း အဝယ်ဖြစ်ခဲ့သော ဈေးနှုန်းများသိရတဲ့အတွက် ဈေးနှုန်းကွာဟမှုမရှိတဲ့ အကျိုးကျေးဇူးရရှိကြောင်းနဲ့ အနယ်နယ်အရပ်ရပ်မှ ရောင်းသူ၊ ဝယ်သူများ လည်း ဈေးနှုန်းသတင်း လွယ်ကူလျင်မြန်စွာသိရတဲ့အတွက် အဆင်ပြေမှုရှိ ကြောင်း သိရပါတယ်။ ခင်မြင့်မြင့်သန်း
Background