Main menu

Background

၂၀၁၁-၂၀၁၂ သကြားရာသီတွင် အိန္ဒိယမှ သကြားပိုမိုတင်ပို့ဖွယ်ရှိ

Tue, 01/24/2012 - 10:28 -- Anonymous (not verified)

    အိန္ဒိယအစိုးရက ယခုလက်ရှိသကြားရာသီမှာတန်ချိန် (သုညဒသမ ၅ - ၁) သန်းအထိ တင်ပို့ခွင့်ပြုဖို့  စီမံချက်ရှိကြောင်း သိရပါတယ်။ ဆုံးဖြတ်ချက်ကို အခွင့် အာဏာရှိဝန်ကြီးများအုပ်စု  (EGoM)  ရဲ့ လာမယ့်အစည်းအဝေးမှာ အပြီးသတ်ချ မှတ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဆုံးဖြတ်ချက်က ထုတ်လုပ်မှု ပိုလျှံဖို့ရယ် ကုန်သည်တွေကို ပို့ကုန်ပိုမိုတင်ပို့စေခြင်းကြောင့်  နှောင့်နှေးမှုနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ တောင်သူတွေလဲ အကျိုးခံစားခွင့်ရမှာဖြစ်ကြောင်း အစိုးရပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ယခုအချိန်မှာ သကြားက ကမ္ဘာ့ဈေးကွက်မှာ ဈေးလျော့နေပေမယ့် ရူပီးဈေးတက်လာ ရင်တော့ ကုန်သည်တွေ ပွပေါက်တိုးမှာ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယက ဘရာဇီးပြီးရင် ဒုတိယအကြီးဆုံး သကြား တင်ပို့သူဖြစ်ပါတယ်။၂၀၁၁-၂၀၁၂ မှာ အိန္ဒိယကသကြားတန်ချိန် ၂၆ သန်း ထုတ် လုပ်ပြီး ပြည်တွင်းသုံးစွဲမှုက တန်ချိန် ၂၂ သန်း ဝန်းကျင်ရှိကြောင်း သိရပါတယ်။ Source: Commodty online, K.Z.W