Main menu

Background

ရော်ဘာဈေး ပြန်လည်မြင့်တက်ဖွယ်ရှိ

Tue, 01/24/2012 - 10:35 -- Anonymous (not verified)

    ရော်ဘာရောင်းလိုအားက လာမယ့်နွေရာသီမှာ ကျဆင်းပြီး ရော်ဘာဈေးနှုန်းပြန်လည်မြင့်တက်နိုင် ကြောင်းနဲ့ အစိုးရက ၎င်းရဲ့လုပ်ထုံးလုပ်နည်းအသစ်က ထုတ်လုပ်မှုဆောင်ရွက်ရာမှာ အကျိုးရှိမယ်လို့ ယုံကြည်မှု ရှိနေကြောင်း ကျွမ်းကျင်သူများက ပြောပါတယ်။ အဓိကကုန်ပစ္စည်း ဈေးကွက်ကြီးတွေဖြစ်တဲ့ တိုကျိုကုန်စည်ဒိုင် နဲ့ ရှန်ဟိုင်းကုန်စည်ဒိုင်တို့အပြင် ပြည်တွင်း ဈေးတွေကလည်း လွန်ခဲ့တဲ့ရက်သတ္တပတ်ကတည်းက ဖြေးဖြေးမှန်မှန် မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ရော်ဘာအကြမ်းပြားက ထိုင်းနိုင်ငံ ဆွန်ခလာဈေးမှာ နှစ်စမှာ တစ်ကီလိုကို ၈၉ ဘတ် ရှိရာကနေ ၉၈ ဘတ်အထိ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ လာမယ့်လ အနည်းငယ်အတွင်း ထုတ်လုပ်မှု ကျဆင်းနိုင်ကြောင်း ရော်ဘာပြန်လည်စိုက်ပျိုးခြင်း ရန်ပုံငွေ ( ORRAF) ရုံးရဲ့ ညွှန်ချုပ်ကပြောကြားခဲ့ပါတယ်။ သာမန်အားဖြင့် ရော်ဘာပင်တွေက နွေရာသီမှာ အရွက်ကြွေပြီး မတ်လနဲ့ ဧပြီလကြားမှာ အစေးထွက် အားနည်းတာကြောင့် ဈေးကွက်ထဲမှာ ရောင်းလိုအား နှေးကွေးဖွယ်ရှိကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ရော်ဘာဈေးကျဆင်းမှုနဲ့ပတ်သက်ပြီး စိုက်ပျိုးသူတွေ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း  ORRAF မှ ရော်ဘာဈေး မြင့်တက်ဖို့ ရေတိုနဲ့ရေရှည် အစီအမံတွေ ရေးဆွဲခဲ့ပါတယ်။ ရော်ဘာထုတ်ကုန်နဲ့ သိုလှောင်မှုတွေကို အချိန်ကိုက် ဝယ်ယူပြီး ရော်ဘာဈေးကွက်ပြန်လည်ကောင်းမွန်ရေးအတွက် ဘတ် ၁၇ သန်း ကုန်ကျမယ့် စီမံကိန်းတစ်ခုကို အကောင် အထည်ဖော်နေကြောင်း သိရပါတယ်။ ဒီစီမံကိန်းက ယခုအချိန်မှစပြီး ၂၀၁၃ မတ်လတိုင်အောင် အကျုံးဝင်မှာဖြစ်ပြီး ပထမ အသုတ်အနေနဲ့ ရော်ဘာကုန်ကြမ်း တန် နှစ်သိန်းကို တစ်ကီလိုကို ဘတ် ၁၂၀ ထက်မနည်းတဲ့ ဈေးနဲ့ဝယ်ယူပေးမှာဖြစ်ကြောင်း သိရပါတယ်။ ဒီလို ဆောင်ရွက်ဖို့အတွက် ယခင်ကလျာထားငွေ ဘတ် ၂ ဒသမ ၇၅ ဘီလီယံရှိရာကနေ ၆ ဒသမ ၄ ဘီလီယံအထိ တိုးမြှင့်သုံးစွဲ ရဖွယ်ရှိကြောင်း သိရပါတယ်။ ရေရှည်အတွက်မှာတော့ ပြည်တွင်းမှာ ရော်ဘာကုန်ပစ္စည်းများ ထုတ်လုပ်မှုကို အကောင် အထည်ဖော်မှာ ဖြစ်ပါ တယ်။ ယခုလက်ရှိမှာ ထိုင်းနိုင်ငံက တစ်နှစ်ကို ရော်ဘာတန် ၃ ဒသမ ၂ သန်းခန့် ထုတ်လုပ်ပြီး တန်ချိန် ၂ ဒသမ ၈ သန်းမှ ၂ ဒသမ ၉ သန်းအထိ ပို့ကုန်တင်ပို့ကာပြည်တွင်းမှာတန်ချိန် သုညဒသမ ၄၅သန်းခန့် သုံးစွဲကြောင်း သိရပါတယ်။ အစိုးရအနေနဲ့ ရော်ဘာတန်ချိန် နှစ်သိန်းကို အမြင့်ဈေးနဲ့ ဝယ်ယူပေးခြင်းနဲ့ ဈေးနှုန်းတက်အောင် ဆောင်ရွက်နေပြီး နောက်ထပ်အပေါင်းလက္ခဏာဆောင်တဲ့ အချက်ကတော့ အမေရိကန်ရဲ့ စီးပွားရေး ပြန်တက်လာတာနဲ့ တရုတ်ရဲ့ သိုလှောင်မှုလျော့နည်းတာဖြစ်ကြောင်း CPS  ကုမ္ပဏီရဲ့ ဥက္ကဌကပြောကြားခဲ့ပါတယ်။ ဘေဂျင်းက ထိုင်းရော်ဘာ ထုတ်ကုန်ရဲ့ အဓိကဝယ်လက်ဖြစ်ပြီး ယခုနှစ်မှာ တန်ချိန် ၁ ဒသမ ၂ သန်းတင်သွင်းဖို့ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ရော်ဘာစက်မှုလုပ်ငန်းတွေ ပိုမိုကြီးမားဖွံ့ဖြိုးဖို့အတွက်ပညာပေး သင်တန်းကျောင်းများလည်း ဖွင့်လှစ်ဆောင်ရွက်မှာ ဖြစ်ကြောင်း ဃဏှ ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ ဈေးမငြိမ်ပေမယ့်လည်း မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ ရော်ဘာက ဆွဲဆောင်မှုအရှိဆုံး ငွေပေါ်သီးနှံဖြစ်နေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အစိုးရကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဟတ်တာ ၁၂၈၀၀၀ တိုးချ့ဲပြီး အရှိန်အဟုန်နဲ့ တိုးမြှင့်စိုက်ပျိုးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။Source:Bangkok Post,K.Z.W